K pop

■ Nike ဥက္ကဋ္ဌကို GD ရဲ့နှုတ်ဆက်ပုံက So Cool ဆိုပဲ

— – – G-Dragon ရဲ့ဗီဒီယိုဟောင်းလေးတစ်ခုက အလွန်ရေပန်းစားနေ …

သိပ်မကြာခင်က You Tube မှာ “The Cool Way GD greets the Chairman of Nike”ဆိုတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု တက်လာခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ဖက်ရှင်ပွဲတစ်ခုကို တက်နေတဲ့ G-Dragon က တစ်စုံတစ်ယောက်ကို လက်ပြနှုတ်ဆက်တာကို ပြထားတာပါ။

အဲဒီလို နှုတ်ဆက်ရာမှာ G-Dragon ဟာ ပြုံးနေပြီး ပါးစပ်ကနေ အင်္ဂလိပ်လို့ “You Good?” ဆိုတဲ့ စကားကို ပြောဆိုခဲ့တာကို မြင်တွေ့ရပါတယ်။

G-Dragon နှုတ်ဆက်တဲ့ ပုဂ္ဂိုလ်ကို ဗီဒီယိုမှာ မြင်တွေ့ရခြင်းမရှိပေမဲ့ အဲဒီဗီဒီယိုဖိုင်ကို တင်ခဲ့တဲ့သူကတော့ အဲဒီပုဂ္ဂိုလ်ဟာ Nike ရဲ့ ဥက္ကဋ္ဌဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဗီဒီယိုကို မြင်ပြီးနောက်မှာ ပရိသတ်တွေက G-Dragon ကို ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။ K Netizens တွေက “နှုတ်ဆက်ပုံက အဆင်ပြေလိုက်တာ” “G-Dragon ကတော့ ဘာလုပ်လုပ် မိုက်နေရောပဲ” “G-Dragon ကတော့ ငါ့ကို သူ့ပရိသတ် ဖြစ်အောင် လုပ်လိုက်ပြန်ပြီ” “G-Dragon မိုက်ချက်က သေလောက်တယ်” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

Ref: AKP

You cannot copy content of this page