K pop

■ AKMU Chanhyuk တွေ့သွားမှာကို ပရိသတ်တွေစိတ်ပူနေတဲ့ G-Dragon ရဲ့ ဗီဒီယိုဖိုင်

— – – GD ရဲ့ ဗီဒီယိုဖိုင်က Fine လွန်းတာကြောင့် Chanhyuk သာ တွေ့သွားလို့ကတော့ …

K-Pop ပရိသတ်တွေဟာ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို AKMU အဖွဲ့ဝင် Chanhyuk မြင်တွေ့သွားမှာကို စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

သိပ်မကြာခင်က You Tube မှာ “The Cool Way GD greets the Chairman of Nike”ဆိုတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု တက်လာခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ဖက်ရှင်ပွဲတစ်ခုကို တက်နေတဲ့ G-Dragon က Nike ရဲ့ ဥက္ကဋ္ဌကို လက်ပြနှုတ်ဆက်တာကို ပြထားတာပါ။

အဲဒီလို နှုတ်ဆက်ရာမှာ G-Dragon ဟာ ပြုံးနေပြီး ပါးစပ်ကနေ အင်္ဂလိပ်လို့ “You Good?” ဆိုတဲ့ စကားကို ပြောဆိုခဲ့ကာ လက်ကိုဝှေ့ယမ်းရင်းနှုတ်ဆက်ခဲ့တာကို မြင်တွေ့ရပါတယ်။

G-Dragon ရဲ့ အဲဒီနှုတ်ဆက်ပုံဟာ အရမ်းမိုက်လွန်းတယ်လို့ ပရိသတ်တွေ ချီးကျူးခဲ့ကြပြီး ပရိသတ်တချို့ကတော့ GD ရဲ့ အကြီးစားပရိသတ်ဖြစ်တဲ့ Chanhyuk သာ အဲဒီဗီဒီယိုဖိုင်ကို မြင်ရင်ရူးသွားနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ပရိသတ်တွေက “ဒီဗီဒီယိုကို Chanhyuk မြင်လို့ မဖြစ်ဘူး” “ဒီဗီဒီယိုဖိုင်ကို Chanhyuk မမြင်ဖို့ မျှော်လင့်ပါတယ်” “Chanhyuk ရေ မျက်လုံးသာ ပိတ်ထား… ဒါမှ မရူးမှာ”စသဖြင့် ရေးသားကြခဲ့ပါတယ်။

Ref: AKP

You cannot copy content of this page