K pop

■ Rosé Vs Rosie နာမည်ကျော်နာမည်ပြောင် နောက်ကွယ်

— – – သေချာတစ်ခုကတော့ Rosie ဆိုတဲ့ အမည်ကို လူတိုင်းခေါ်ခွင့်မရှိတာပါပဲ။ အကြောင်းကတော့ …

BLACKPINK အဖွဲ့ဝင် Rosé ဟာ နာမည်များစွာကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ကိုရီးယားအမည်က Park Chaeyoung၊ အင်္ဂလိပ်အမည်က Roseanne Park၊ စတိတ်အမည်က Rosé ဖြစ်ပါတယ်။ အဲဒါတွေက အကုန်လုံးနာမည်ရင်းတွေဖြစ်ပြီး နာမည်ပြောင်များစွာကိုလည်း Rosé က ပိုင်ဆိုင်ထားသေးတာပါ။

အဲဒီထဲမှာ Rosie ဆိုတဲ့ နာမည်ပြောင်ကတော့ လုံးဝကိုချန်လှပ်ထားတဲ့ မရပါဘူး။ BLACKPINK အဖွဲ့မှာဆိုရင် Rosé ကို Jennie က Rosie လို ခေါ်လေ့ရှိပြီး Jisoo ကတော့ မကြာခဏဆိုသလို Chaeyoung-ah လို့ ခေါ်လေ့ရှိပါတယ်။

Zach Sang Show မှာတော့ အစီအစဉ်တင်ဆက်သူက “ခင်ဗျားကို လူတော်တော်များများက Rosie လို့ ခေါ်ကြသလား။ ဘာလို့လဲဆိုတော့ ခင်ဗျားကိုယ် ခင်ဗျားပြောနေတဲ့အခါ Rosie လို့ သုံးတာ ကျွန်တော် သတိထားမိလို့ပါ။ ဒီတော့ Rosie ဆိုတဲ့အမည်က ခင်ဗျားကို ပိုပြီးသက်သောင့်သက်သာဖြစ်စေလား”ဆိုပြီး မေးမြန်းခဲ့တာပါ။

အဲဒီအခါမှာ Rosé က ရှက်ရွံစွာနဲ့ “ကျွန်မ အဲဒီလို ပြောမိတာလား။ အိုကေ။ ကျွန်မသူငယ်ချင်းတွေနဲ့ မိသားစုကတော့ ကျွန်မကို Rosie လို့ ခေါ်ကြပါတယ်။ တကယ်တော့ ကျွန်မ စကားပြောတဲ့အခါ စတိတ်အမည် Rosé ကို ပြောမလို့ပါပဲ။ ဒါပေမဲ့ Rosie က အလိုလိုထွက်နေတယ်ထင်တယ်”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ Rosé က Rosie ဆိုတဲ့နာမည်ပြောင်ဟာ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ခေါ်ရာက စတယ်လို့လည်း ဆိုပါတယ်။ Rosé က “Rosie ကတော့ ကျွန်မရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ ခေါ်ကြတဲ့ အမည်ပါ။ ကျွန်မနဲ့ အရမ်းရင်းနှီးခင်မင်သူတွေက အဲဒီနာမည်ကို ခေါ်လေ့ရှိတယ်။ တစ်ခါတလေမှာ ကျွန်မကိုယ်တိုင် ကိုယ်ကိုယ့်ကို Rosie လို့ ပြောတတ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Ref: Zach Sang Show

You cannot copy content of this page