K pop

■ အမျိုးသမီးအဖွဲ့တွေအတွက် သီချင်းဖန်တီးမှုရပ်တန့်ဖို့ JYP ကို ကိုရီးယားတွေ ဘာလို့တောင်းဆိုနေသလဲ ?

— – – အမျိုးသမီးအဖွဲ့တွေအတွက် သီချင်းကောင်းများစွာရေးသား၊ ထုတ်ဝေခဲ့တဲ့ JYP ကို ဘာကြောင့်များ သူတို့က …

JYP Entertainment ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Park Jin Young ဟာ အံ့အားသင့်စရာကောင်းတဲ့ အကြောင်းအရာနဲ့ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူပါတယ်။ ITZY အဖွဲ့ရဲ့ သီချင်းသစ် ထွက်လာပြီးနောက်မှာ Park Jin Young ဟာ အွန်လိုင်းမှာ Negative Comment တွေနဲ့ ရင်ဆိုင်နေရတာပါ။

ITZY အဖွဲ့ရဲ့ နောက်ဆုံးထုတ် mini-album ဖြစ်တဲ့ GUESS WHO ဟာ ကိုရီးယားပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ မကိုက်ညီဘဲ ပရိသတ်တွေက Park Jin Young ရဲ့ IG အကောင့်မှာ အမျိုးသမီးအဖွဲ့တွေအတွက် သီချင်းဖန်တီးမှုတွေ မလုပ်တော့ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ Comment အချို့ကို ဖော်ပြရမယ်ဆိုရင် “ITZY အတွက် သီချင်းတွေ မဖန်တီးပါနဲ့တော့။ စာသားတွေက ဒိတ်အောက်နေပြီ” “သီချင်းတွေ မရေးပါနဲ့တော့” “အမျိုးသမီးအဖွဲ့တွေအတွက် သီချင်းမဖန်တီးပါနဲ့တော့။ ရှင်က အမျိုးသမီးအဖွဲ့တွေရဲ့ တောက်ပတဲ့ အနာဂတ်ကို ဖျက်ဆီးနေတာ” စတဲ့ မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့တာပါ။

တကယ်တော့ Park Jin Young ဟာ အမျိုးသမီးအဖွဲ့တွေ၊ တစ်ကိုယ်တော်တွေအတွက် Hit သီချင်းများစွာကို ရေးသားခဲ့သူပါ။ အဲဒီက တချို့ကို ဖော်ပြရရင် Miss A ရဲ့ Bad Girl, Good Girl၊ Sunmi ရဲ့ 24 Hours၊ I.O.I ရဲ့ Very Very၊ TWICE အဖွဲ့ရဲ့ More and More တို့ ဖြစ်ပါတယ်။

Park Jin Young ရဲ့ သီချင်းရေးသားမှုနဲ့ ကကွက်ထီတွင်မှုတွေဟာ သူတို့အေဂျင်စီက အမျိုးသမီးအဖွဲ့တွေရဲ့ အောင်မြင်မှုမှာ အဓိကကျတယ်လို့ ချီးကျူးခံခဲ့ရပေမဲ့ ဂီတသက်တမ်း (၂၈)နှစ်အကြာမှာတော့ ပရိသတ်တွေက သူ့ကို အမျိုးသမီးအဖွဲ့တွေအတွက် သီချင်းမဖန်တီးတော့ဖို့ အံ့အားသင့်ဖွယ် တောင်းဆိုခဲ့ကြတာပါ။

Ref: Koreaboo

You cannot copy content of this page