K pop

■ SF9 Youngbin နဲ့ ITZY Yeji ဒိတ်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပြန့်နှံ့

— – – အဲဒီဓာတ်ပုံတွေကို ကြည့်ပြီး ပရိသတ်တွေကတော့ ဇဝေဇဝါ ဖြစ်နေ …

ပရိသတ်တစ်ဦး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းတွေမှာ ပျံ့နှံ့နေပြီးနောက် SF9 အဖွဲ့ဝင် Youngbin နဲ့ ITZY အဖွဲ့ဝင် Yeji တို့ ဒိတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပုံကတော့ အောက်မှာမြင်တဲ့အတိုင်း ဝိုးတိုးဝါးတားပါပဲ။

အောက်ကပုံမှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ပြီး တွဲသွားနေတာကို မြင်တွေ့ရမှာဖြစ်ပြီး ပုံတွေက မရှင်းတာကြောင့် ပရိသတ်တွေက မသေချာဘဲ ဇဝေဇဝါ ဖြစ်ကုန်ကြပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ထင်မြင်ချက်ကတော့ “ဒါတကယ် Yeji လား။ Chaeryeong ဆိုရင်တောင် ယုံချင်သေးတယ်” “ဒါ ဖြစ်နိုင်လား။ သေချာမမြင်ရတော့ မပြောတတ်ဘူး” “ဘေးတစ်စောင်းကြည့်ရင် Yeji နဲ့ မတူဘူးလို့ ထင်တာပဲ” “တခြားလူတွေလည်း ဖြစ်နိုင်တာပဲ” “ဒါ Youngbin ဆိုတာ သေချာလို့လား” စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြပါတယ်။

Ref: AKP

You cannot copy content of this page