K pop

■ ပြီးပြည့်စုံတဲ့မျက်နှာပိုင်ရှင်တွေလို့ အလှခွဲစိတ်ပါရဂူတွေ ရွေးချယ်တဲ့ အမျိုးသမီး Idol (၅)ဦး

— – – ၂၀၂၁ အတွင်း နာမည်ကျော်ခွဲစိတ်ပါရဂူတွေ မဲပေးရွေးချယ်တဲ့ ပြီးပြည့်စုံတဲ့မျက်နှာပိုင်ရှင် အမျိုးသမီး Idol တွေကတော့ …

1- Irene (Red Velvet)


K-Pop Idol တွေ ကိုယ်တိုင်က အလှဆုံးမျက်နှာပိုင်ရှင် အမျိုးသမီးအဖွဲ့ဝင် Idol အဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ ခွဲစိတ်ဆရာဝန်တွေကတော့ Face Genius လို့ ချီးကျူးကြတယ်။ မျက်နှာအသွင်အပြင်က Perfect လို့လည်း သူတို့က ဆိုတယ်။

2- Jennie (BLACKPINK)


ကြောင်မျက်လုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာပေါက် ပရိသတ်တွေကိုသာမက တခြားလူတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ Cutie နဲ့ Sexy ကို အပြည့်အဝပုံဖော်နိုင်သူဖြစ်ပြီး ခွဲစိတ်ဆရာဝန်တွေကို Jennie ဓာတ်ပုံကိုင်ပြီး ရောက်လာသူ အများဆုံးလို့ ဆိုပါတယ်။

3- YoonA (Girls’ Generation)

K-Pop ရဲ့ Original Beauty နဲ့ Original Centre ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က ပွဲထွက်ခဲ့ပေမဲ့ သူ့ရဲ့ အလှက ဒီနေ့ထက်ထိ ပရိသတ်တွေကို လွှမ်းမိုးနေတုန်းပါပဲ။ အသက်တွေ ကြီးလာတာနဲ့အမျှ မိန်းမပိုဆန်လာပြီး အိန္ဒြေပြည့်ဝပြီး ကျက်သရေရှိတဲ့ အမျိုးသမီးဖြစ်လာတဲ့ YoonA ရဲ့အလှဟာ မှေးမှိန်သွားဖို့ မရှိသေးပါဘူး။

4- Suzy (Miss A အဖွဲ့ဝင်ဟောင်း)


တောင်ကိုရီးယားရဲ့ အချစ်ဦးတဲ့။ ဖြူစင်မှုနဲ့ အပြစ်ကင်းတဲ့ အလှကြောင့် နာမည်ကျော်သူပါ။ အမျိုးသားရော၊ အမျိုးသမီးတွေပါ Suzy ရဲ့ မျက်နှာအသွင်အပြင်နဲ့ အသားအရေကို သဘောကျကြပါတယ်။ Suzy က Idol အဖြစ်ရော မင်းသမီးအဖြစ် အစွမ်းကုန်တောက်ပသူပါ။

5- Jang Wongyoung (IZ*ONE)


သိပ်မကြာခင်က ဖျက်သိမ်းခဲ့တဲ့ IZ*ONE အဖွဲ့ရဲ့ Centre ဖြစ်တယ်။ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပေမဲ့ သူ့ရဲ့ အရပ်အမောင်း၊ ချစ်စရာမျက်နှာပေါက်က အမျိုးသားတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကိုရီးယားနဲ့ ဂျပန်မှာ လူတိုင်းရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တာပေါ့။

Ref: AKP

You cannot copy content of this page