K pop

■ ဘာမှမလုပ်ဘဲ ထိုင်နေမယ်ဆိုရင် တစ်နှစ်ကို ဝမ်(၁.၅)ဘီလီယံလောက် အသာလေးရနေတဲ့ G-Dragon

– – – BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ဘာမှမလုပ်ဘဲ ထိုင်နေမယ်ဆိုရင်တောင် တစ်နှစ်ကို ဝမ်(၁.၅)ဘီလီယံ အသာလေးရနေပါသတဲ့။ ဒါတောင် တစ်ခုတည်းကဖြစ်ပြီး တခြားငွေရလမ်းတွေသာ ပေါင်းလိုက်မယ်ဆိုရင် …

Mnet ရဲ့ TMI News က Copyright ကနေ ဝင်ငွေအများဆုံးရရှိတဲ့ Idol အကြောင်းကို ဖော်ပြခဲ့ပြီးအဲဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေသူကတော့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ပဲ ဖြစ်ပါတယ်။

G-Dragon ဟာ သူ့နာမည်ရဲ့ မှတ်ပုံတင်ထားတဲ့ သီချင်းပေါင်း (၁၇၃)ပုဒ်အထိ ရှိပါတယ်။ ပြီးတော့ G-Dragon က သီချင်းရေးအပိုင်းနဲ့ ပတ်သက်လို့ Daesung ရထားတဲ့ အသက်အငယ်ဆုံး တေးရေးဆရာနဲ့ တစ်ဦးတည်းသော Idol အဖြစ်လည်း ရပ်တည်နေပါသတဲ့။

G-Dragon ဟာ အဆိုတော်တစ်ဦးအဖြစ်ပဲ နာမည်ကျော်တာ မဟုတ်ဘဲ ထုတ်လုပ်သူ၊ တေးရေးဆရာအဖြစ်လည်း K-pop မှာ လူတိုင်း လေးစားအားကျတဲ့သူဖြစ်ပြီး သူဟာ အသက် (၁၃) နှစ်လောက်ကတည်းက သီချင်းစရေးခဲ့တယ်လို့ ဆိုပါတယ်။

G-Dragon ဟာ BIGBANG အဖွဲ့အတွက် Hit သီချင်းပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သလို၊ အခြားသော တစ်ကိုယ်တော်သီချင်းများစွာကိုလည်း ရေးစပ်နိုင်ခဲ့ပါတယ်။ G-Dragon အနေနဲ့ Royalty ကနေ တစ်နှစ်ကို ဝင်ငွေ ဝမ်(၁.၅)ဘီလီယံလောက် အသာလေးရနေတယ်လို့ TMI News က ဖော်ပြခဲ့တာပါ။

ဒါကြောင့် G-Dragon အနေနဲ့ ဘာမှမလုပ်ဘဲ အိမ်မှာပဲ အသာလေးနှပ်နေမယ်ဆိုရင်တောင် ငွေကြေးကြေးရေး ပူစရာမလိုဘူးလို့ TMI News က ဖော်ပြခဲ့ပြီး နောက်ဆုံး Nike နဲ့ ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ ဖိနပ်ကလည်း မိနစ်ပိုင်းအတွင်း နိုင်ငံပေါင်း (၇၀) ကျော်မှာ Sold Out ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

#Fact
– Royalty ဆိုတာ ဘာလဲ?
– Royalty ဆိုတာကတော့ အနုပညာရှင်တစ်ယောက်၊ ဖန်တီးသူတစ်ယောက်အနေနဲ့ သူ့ရဲ့ လက်ရာတွေကို မူပိုင်ခွင့်ပိုင်ဆိုင်ထားပြီး အဲဒါတွေကို ဖျော်ဖြေမှုအတွက် အသုံးပြုခဲ့တာအခါ၊ ရောင်းချတဲ့အခါမျိုးမှာ ရရှိတဲ့ ဝင်ငွေကို ခေါ်တာ ဖြစ်ပါတယ်။

– ဃဲ
Ref: KStarLive & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page