K pop

■ Chum Churum နဲ့ Jennie ဘယ်လို Slay ထားလဲ

— – – ဒါကို ကြည့်လိုက်မယ်ဆိုရင် မင်း ရေဆာသွားမှာ သေချာပါတယ်။

တောင်ကိုရီးယား Soju Brand တစ်ခုဖြစ်တဲ့ Chum Churum ဟာ BLACKPINK အဖွဲ့ဝင် Jennie ပါဝင်သရုပ်ဆောင်ထားတဲ့ သူတို့နွေရာသီကြော်ငြာကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြော်ငြာဗီဒီယိုဖိုင် အတိုလေးမှာ Jennie ဟာ Chum Churum Soju ကို သွားလေရာ ယူသွားပြီး ညဘက်မှာ ဘော်ဒါတွေနဲ့ တပျော်တပါး သောက်ကြတဲ့ပုံစံမျိုး ရိုက်ကူးထားတာပါ။

Chum Churum Soju အရင်တုန်းက Alcohol ပါဝင်မှု (၁၆.၉)ရာခိုင်နှုန်းကနေ (၁၆.၅)ရာခိုင်နှုန်းကို လျှော့ချခဲ့ပြီး ပုံစံအသစ် ထုတ်လုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Jennie ရဲ့ အလန်းစားကြော်ငြာကိုတော့ အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: AKP

You cannot copy content of this page