— – – ပြီးဆုံးသွားပြီဖြစ်တဲ့ Song Joong Ki ရဲ့ Vincenzo က Rating ဘယ်လောက်များ …
မေလ (၂)ရက်မှာ ပရိသတ်တွေ အားပေးမှုများပြားခဲ့တဲ့ Song Joong Ki နဲ့ Jeon Yeo Bin တို့ ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ Vincenzo ဇာတ်လမ်းတွဲဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
Niselsen Korea က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Vincenzo ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းကို ကြည့်ရှုသူဟာ နိုင်ငံတစ်ဝန်းမှာ (၁၄.၆)ရာခိုင်နှုန်း (အမြင့်ဆုံး ၁၆.၄ ရာခိုင်နှုန်းအထိ) ရှိခဲ့တယ်လို့ သိရပါတယ်။
အခပေး ရုပ်သံက ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် (၅)ရာခိုင်နှုန်းကျော်ရင်ကို အတော်လေး အောင်မြင်တယ်လို့ ပြောနိုင်တဲ့အနေအထားမှာ Vincenzo ဇာတ်လမ်းတွဲဟာ ကိုရီးယားဝက်ဝက်ကွဲ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒါကြောင့် Song Joong Ki ရဲ့ Vincenzo ဟာ tvN သမိုင်းမှာ Rating အမြင့်ဆုံးစာရင်းမှာ နံပါတ် (၆)နေရာ ချိတ်ခဲ့ပါတယ်။ ထိပ်ဆုံး (၅)နေရာမှာတော့ Crash of Landing on you, Goblin, Reply 1988, Mr.Sunshine နဲ့ Mr.Queen တို့က အစဉ်လိုက် ရပ်တည်နေတာပါ။
Ref: Soompi