Cele

■ ပထမဆုံးအပိုင်းနဲ့တင် MBN သမိုင်းမှာ စံချိန်တင်ခဲ့တဲ့ Yuri ရဲ့ ဇာတ်လမ်းတွဲသစ်

— – – SNSD အဖွဲ့ဝင် Yuri ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲသစ်ဟာ ပထမပိုင်းမှာတင်ပဲ …

MBN ရုပ်သံက မေလ (၁)ရက်နေ့မှာ “Bossam: Steal The Fate”လို့ အမည်ပေးထားတဲ့ သမိုင်းဝင်ဇာတ်လမ်းတွဲကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီဇာတ်လမ်းတွဲဟာ စတင်ထုတ်လွှင့်တဲ့နေ့မှာပဲ တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းမှ ကြည့်ရှုသူ (၃.၁၃၂) ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ကိုရီးယားဇာတ်လမ်းတွဲကြည့်ရှုသူပမာဏကို ထုတ်ပြန်လေ့ရှိတဲ့ Nielsen Korea က ထုတ်ပြန်ခဲ့ပါတယ်။

“Bossam: Steal The Fate” ဇာတ်လမ်းတွဲမှာ မင်းသား Jung Il Wook နဲ့ SNSD အဖွဲ့ဝင် Yuri တို့က ခေါင်းဆောင်အဖြစ် ပါဝင်ထားတာဖြစ်ပြီး ကြည့်ရှုသူ (၃.၁၃၂) ရာခိုင်နှုန်းဟာ MBN ရုပ်သံအတွက် သမိုင်းမှာ တစ်ခါမှ မရှိဖူးတာကြောင့် စံချိန်သစ် ဖြစ်ခဲ့တယ်လို့ Nielsen Korea က ဖော်ပြခဲ့ပါတယ်။

Ref: Soompi

You cannot copy content of this page