K pop

■ Pre-order နဲ့တင် Million Seller ဖြစ်လာတဲ့ SM အဖွဲ့

— – – သူတို့ရဲ့ ပထမဆုံး Full Album အတွက် အရမ်းကိုလှတဲ့ စံချိန်တစ်ခုလို့ …

SM Entertainment က ပွဲထုတ်တဲ့ NCT Dream အဖွဲ့ဟာ K-Pop ရဲ့ အနည်းစုသော Million Seller အဖွဲ့ထဲက တစ်ဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

NCT Dream အဖွဲ့အနေနဲ့ မေလ (၁၀)ရက်မှာ သီချင်း (၁၀)ပုဒ် ပါဝင်တဲ့ Hot Sauce လို့ အမည်ရတဲ့ သူတို့ရဲ့ ပထမဆုံး Full Album ကို ထုတ်ဝေမှာပါ။ မေလ (၃)ရက်အထိ Pre-order စာရင်းအရ NCT Dream အဖွဲ့ရဲ့ Hot Sauce Album ကို မှာယူမှု (1,078,843) အထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် NCT Dream အဖွဲ့ဟာ အရင်တုန်းက သူတို့ရဲ့ Pre-order စံချိန်ကို ချိုးဖျက်နိုင်ရုံသာမက ပထမဆုံး Full Album နဲ့ Million Seller အဖြစ်ပါ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

NCT Dream အဖွဲ့ဟာ Reload သီချင်းကို နောက်ဆုံးထုတ်ဝေထားပြီး အဲဒီသီချင်းထွက်ပြီး တစ်နှစ်နီးပါးအကြာမှာ ပထမဆုံး Full Album ကို ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page