— – – ဒီစံချိန်ကို TWICE အဖွဲ့နဲ့အတူ ပိုင်ဆိုင်ထားတဲ့ နောက်တစ်ဖွဲ့ကတော့ …
သီချင်းတစ်ပုဒ်အနေနဲ့ Melon Weekly Chart Top 100 မှာ တစ်နှစ်လုံးရှိနေဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ K-Pop အမျိုးသမီးအဖွဲ့(၂)ကတော့ Melon Weekly Chart Top 100 မှာ တစ်နှစ်ပတ်လုံးစာရင်းဝင်တဲ့ သီချင်း (၂) ပုဒ်ကို ပိုင်ဆိုင်ထားပါသတဲ့။
ဒီလိုဂုဏ်ယူစရာကောင်းတဲ့ စံချိန်ကို ပထမဆုံးပိုင်ဆိုင်ခဲ့တာက TWICE အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ Mega Hit တွေဖြစ်တဲ့ Cheer Up နဲ့ Dance The Night Away သီချင်းတွေဟာ Melon Weekly Chart Top 100 မှာ တစ်နှစ်ကျော်တဲ့အထိ စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
အခု TWICE အတူ အဲဒီစံချိန်ကို ပိုင်ဆိုင်တဲ့အဖွဲ့တစ်ဖွဲ့ ရှိလာခဲ့ပါတယ်။ အဲဒီအဖွဲ့ကတော့ Oh My Girl အဖွဲ့ဖြစ်ပြီး Nonstop နဲ့ Dolphin က အဲဒီလို စွမ်းဆောင်နိုင်ခဲ့တာပါ။
Ref: KGC