K pop

■ You Tube မှာ Subscriber (၁၀)သန်း အမြန်ဆုံးရတဲ့ အဆိုတော်အဖွဲ့(၄)ဖွဲ့

— – – ဒီ Worldwide စာရင်းမှာတော့ K-Pop အဆိုတော်အဖွဲ့ တစ်ဖွဲ့ပဲ ပါပါတယ်။ သူတို့က One Direction ကို …

ကမ္ဘာဂီတ You Tube Chanel တွေထဲမှာ အဖွဲ့အနေနဲ့ဆိုရင် BLACKPINK က Subscriber အများဆုံး ရရှိထားသလို၊ You Tube မှာ Subscriber (၁၀)သန်း အမြန်ဆုံးရတဲ့အဖွဲ့အဖြစ် ကမ္ဘာကျော် ဗြိတိန်အမျိုးသားအဆိုတော်အဖွဲ့ One Direction ကိုကျော်ကာ ရပ်တည်နေပါတယ်။ You Tube မှာ Subscriber (၁၀)သန်း အမြန်ဆုံးရတဲ့ အဆိုတော်အဖွဲ့(၄)ဖွဲ့ကို အခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

1- BLACKPINK – ၂ နှစ်၊ ၃ ပတ်

2- One Direction – ၂ နှစ်၊ ၁၁ လ

3- CNCO – ၄ နှစ်၊ ၄ လ

4- Fifth Harmony – ၄ နှစ်၊ ၈ လ

ဒါ့အပြင် BLACKPINK အဖွဲ့ဟာ You Tube မှာ Subscriber သန်း (၂၀)၊ သန်း (၃၀)၊ သန်း (၄၀)၊ သန်း (၅၀) နဲ့ သန်း (၆၀) တို့ကို အမြန်ဆုံးရရှိတဲ့ အဆိုတော်အဖွဲ့အဖြစ်ပါ စံချိန်တင်ထားပြီး သန်း (၅၀)နဲ့ သန်း (၆၀)ကို ပိုင်ဆိုင်တာလည်း သူတို့တစ်ဖွဲ့ပဲ ရှိပါတယ်။

Ref: BA

You cannot copy content of this page