K pop

■ Pretty Savage နဲ့ အမျိုးသမီးအဆိုအဖွဲ့တွေထဲမှာ ကမ္ဘာ့ပထမဆုံးဆိုတဲ့ စံချိန်တစ်ခုကို BLACKPINK ပိုင်ဆိုင်

— – – ဒီလိုစံချိန်မျိုး ရရှိတာ ကမ္ဘာပေါ်က အမျိုးသမီးအဆိုတော်အဖွဲ့တွေထဲမှာ BLACKPINK အဖွဲ့တစ်ခုပဲ …

မေလ (၁) ရက်နေ့မှာ BLACKPINK အဖွဲ့ရဲ့ Pretty Savage သီချင်း Audio Video ဟာ You Tube မှာ Views သန်း (၁၀၀) ကျော်ခဲ့တယ်လို့ YG Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို You Tube Views သန်း (၁၀၀) ကျော်ဖို့အတွက် Pretty Savage သီချင်း Audio Video ရဲ့ ကြာချိန်က (၂၁၁) ရက် အချိန်ယူခဲ့ရတာပါ။ Music Video တွေ You Tube Views သန်း (၁၀၀) ကျော် ဖြစ်လေ့ဖြစ်ထရှိပေမဲ့ ရုပ်မပါတဲ့ Audio Video က အခုလိုစံချိန်မျိုးရရှိဖို့ဆိုတာ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

ဒါကြောင့် BLACKPINK အဖွဲ့ဟာ You Tube မှာ Audio Video Views သန်း (၁၀၀) ကျော်တဲ့ ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော အမျိုးသမီးအဆိုတော်အဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Pretty Savage သီချင်းဟာ BLACKPINK အဖွဲ့ရဲ့ THE ALBUM ဆိုတဲ့ Full Album မှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့တဲ့သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

Ref: KSZ

You cannot copy content of this page