K pop

■ မေလအတွင်း ပထမဆုံး Comeback ပြုလုပ်တော့မဲ့ Aespa

– – – SM ရဲ့ အမျိုးသမီးအဖွဲ့သစ် Aespa ဟာ သူမတို့ရဲ့ ပထမဆုံး Comeback ကို….

SM Entertainment က နောက်ဆုံး စင်တင်ထားတဲ့ အမျိုးသမီးအဖွဲ့ Aespa ဟာ မေလအတွင်း သူမတိုရဲ့ ပထမဆုံး Comeback ကို ပြုလုပ်သွားတော့မှာလို့ Ilgan Sports က ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ Comeback အတွက ်ပြင်ဆင်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး Showcase လိုမျိုး ပရိသတ်တွေ ကျေနပ်လောက်မဲ့အရာမျိုး ပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။

SM ကတော့ Comeback ရက် အတိအကျ သတ်မှတ်ပြီးရင် တရားဝင်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။ Aespa ဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်း Black Mama နဲ့ ပွဲထွက်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာ စိုက်ထူနိုင်ခဲ့ပါတယ်။

ုAespa အဖွဲ့အနေနဲ့ သူမတို့ရဲ့ ပထမဆုံး Comeback အပေါ် များစွာမျှော်လင့်ထားတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် Aespa ရဲ့ Comeback က ဘယ်လောက်ရင်ခုန်ရမလဲဆိုတာကတော့..

You cannot copy content of this page