News

■ ITZY နဲ့ TWICE တို့ရဲ့ ဆက်ဆံရေး ဘယ်လိုအနေအထားမျိုးမှာ ရှိသလဲ

– – – JYP ရဲ့ ညီအစ်မအဖွဲ့တွေဖြစ်ကြတဲ့ ITZY နဲ့ TWICE တို့ရဲ့ ဆက်ဆံရေးဟာ ပရိသတ်တွေ ထင်မှတ်ထားသလို…

ITZY အဖွဲ့ဟာ တလောတုန်းက Tiki-TaCAR အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ရင်း JYP ရဲ့ စီနီယာ TWICE အဖွဲ့နဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

ITZY ရဲ့ ဖွင့်ဟချက်က သူမတို့အဖွဲ့နှစ်ဖွဲ့ကြား ဆက်ဆံရေးက အလွန်ချစ်စရာကောင်းပြီး ပရိသတ်တွေ ထင်မှတ်ထားသလို ကြည်နူးစရာကောင်းလှတာ တွေ့ရမှာပါ။

ပထမဆုံး Chaeryeong သူမတို့အနေနဲ့ TWICE အဖွဲ့နဲ့ ညလယ်ခေါင် သရေစာမုန့်တွေ စားလေ့ရှိကြောင်း၊ TWICE ဟာ သူမတို့အတွက် ညလယ်သရေစာ ကုမ္ပဏီကြီးဖြစ်တယ်လို့ ချစ်စဖွယ်အရွှန်းဖောက်ဆိုခဲ့ပါတယ်။

TWICE အဖွဲ့က စီနီယာတွေက သူမတို့ကို အမြဲတမ်း အကြံဉာဏ်တွေ၊ အားပေးလေ့ရှိတယ်လို့လည်း ITZY အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် TWICE အဖွဲ့ခေါင်းဆောင် Jihyo က သူမကို မွေးနေ့လက်ဆောင် ပေးခဲ့ဖူးတယ်လို့ Yeji က ဖွင့်ဟခဲ့ပါတယ်။

Lia ကလည်း Jihyo ဟာ သူမတို့ ITZY အဖွဲ့ဝင်တွေရဲ့ မွေးနေ့မှာ အမြဲတမ်း ဆက်သွယ်လေ့ရှိပြီး လက်ဆောင်ပေးတာမျိုး၊ ဂုဏ်ပြုစကားပြောဆိုတာမျိုး လုပ်လေ့ရှိကြောင်း ဆိုခဲ့ပါတယ်။

You cannot copy content of this page