K pop

■ Billboard’s World Albums Chart သမိုင်းသစ်ရေးထိုးခဲ့တဲ့ BTS

—- BTS ကတော့ BTS ပါပဲ…သမိုင်းသစ်တွေအတွက် အမြဲတမ်း….

BTS အဖွဲ့ဟာ Billboard’s World Albums Chart မှာ သမိုင်းသစ်တစ်ခုရေးထိုးခဲ့ပြန်ပြီလို့သိရပါ တယ်။

အခုအပတ်အတွက် Billboard’s World Albums Chart ရပ်တည်မှုတွေထွက်ပေါ်လာခဲ့ရာမှာ BTS အဖွဲ့ရဲ့ Album (4)ခုဟာ ထိပ်ဆုံးမှာ အစဉ်လိုက်ရပ်တည်နိုင်ခဲ့ပြီး Billboard’s World Albums Chart သမိုင်းတစ်လျှောက် မှတ်တမ်းသစ်ကို ရေးထိုးသွားခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ရဲ့ Map Of The Soul: 7 ၊ BE ၊ Love Yourself: Answer နဲ့ Love Yourself: Tear Album တို့ဟာ Billboard’s World Albums Chart မှာ 1 ကနေ 4 အထိ အစဉ်လိုက်ရပ်တည်ခဲ့ကြ တာဖြစ်ပါတယ်။

ဒါကြောင့် BTS အဖွဲ့ဟာ Billboard’s World Albums Chart သမိုင်းတစ်လျှောက် တစ်ပြိုင်နက် တည်း Album (4)ခု ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး Artist အဖြစ် သမိုင်းသစ်ရေးထိုး နိုင်ခဲ့တာဖြစ်ပါတယ်။

Billboard’s World Albums Chart Top 5 ကိုတော့ K-pop တွေချည်ပဲစိုးမိုးသွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး နံပါတ် 5 မှာ BLACKPINK အဖွဲ့ရဲ့ The Album က ရပ်တည်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ BTS ရဲ့ Map Of The Soul: 7 ဟာ Billboard’s World Albums Chart မှာ #1 ရပ်တည်နိုင်တာ (၂၇)ပါတ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page