Celebrity

■ ကိုရီးယားမှာ ရုပ်ရှင်ရိုက်ကူးချင်တယ်လို့ Angelina Jolie ဖွင့်ဟ

— ကမ္ဘာကျော်သရုပ်ဆောင် Angelina Jolie က တောင်ကိုရီးယားနိုင်ငံဟာ သူမအတွက် စပါယ်ရှယ် နိုင်ငံတစ်ခုဖြစ်ပြီး တစ်နေ့တစ်ချိန် အခွင့်အရေးရှိရင် ရုပ်ရှင်ရိုက်ကူးချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Angelina Jolie ဟာ ‘Those Who Wish Me Dead,’ ရုပ်ရှင်သတင်းစာရှင်းလင်းပွဲမှာ “ ကျွန်မအနေ နဲ့ ကိုရီးယားနိုင်ငံကို နောက်တစ်ကြိမ်ပြန်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ကိုရီးယားရုပ်ရှင်ကို ရိုက်ကူးချင်ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

Angelina Jolie ဟာ အရင်ကတည်းက သူမရဲ့ရုပ်ရှင်တွေ ပရိုမိုးရှင်းလုပ်ဖွင့်အတွက် ကိုရီးယားနိုင်ငံ ကိုရောက်ဖူးသူဖြစ်သလို သူမရဲ့ သားဖြစ်သူ Maddox ကလည်း ကိုရီးယားနာမည်ကြီးတက္ကသိုလ် Yonsei University မှာ ပညာသင်ကြားနေသူဖြစ်ပါတယ်။ နောက်ပြီး သူမဟာ ကိုရီးယားနာမည်ကြီး အက်ရှင်မင်းသား Ma Dong Seok နဲ့လည်း Marvel ရုပ်ရှင် ‘The Eternals.’ ကို အတူရိုက်ကူးခဲ့ဖူး သူဖြစ်ပါတယ်။

Angelina Jolie က “ ကျွန်မမှာ တောင်ကိုရီးယားနဲ့ အချိန်ကောင်းတွေရှိခဲ့ပါတယ်။ အနာဂတ်မှာ လည်း အဲဒီမှာ ကျွန်မ အချိန်ကုန်ဆုံးချင်ပါတယ်။ COVID19 တွေရှိနေတာတောင်မှ သားဖြစ်သူ Maddox ဟာ ကိုရီးယားမှာပဲဆက်နေနေပြီး ပညာတွေသင်ကြားနေသလို တစ်ခါတစ်ရံ ကျွန်မကို ဘာသာစကားအချို့ သင်ပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

သတင်းထောက်တွေရဲ့ “ အလုပ်အတူတူတွဲလုပ်ချင်တဲ့ ကိုရီယားသရုပ်ဆောင်ရှိသလား” ဆိုတဲ့ မေးခွန်း မေးမြန်းခံရတဲ့ အခါမှာတော့ Angelina Jolie က “ အများကြီးရှိပါတယ်။ သရုပ်ဆောင် တစ်ဦးတည်းကိုပဲ ရွေးချယ်ဖို့ခက်ပါတယ်” လို့ ပြောခဲ့သလို အလုပ်တွဲလုပ်ဖူးတဲ့ Ma Dong Seok နဲ့ ပတ်သက်ပြီးတော့လည်း “ Ma Dong Seok နဲ့ ကျွန်မ အလုပ်အတူတူတွဲလုပ်ဖူးပြီး သူဟာ တကယ့် ကိုအရည်အချင်းရှိတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ ကြင်နာတတ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူ ပါ။ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သလို သူငယ်ချင်းကောင်းလည်းဖြစ်ခဲ့ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page