K pop

■ I.O.I အဖွဲ့ပြန်လည်ပေါင်းစပ်တဲ့အပေါ် Somi စိတ်ခုန်

– – – I.O.I အဖွဲ့ဟာ မေလ (၅) ရက်နေ့တုန်းက (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြန်လည်ဆုံစည်းခဲ့ပြီး….

Produce 101 ရဲ့ ပထမဆုံး Season ကနေ မေးထုတ်ပေးလိုက်တဲ့ I.O.I ကတော့ အဖွဲ့ဖျက်ပြီး (၄) နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းခဲ့ပါတယ်။

I.O.I အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက Comeback ပြန်လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ Produce အစီအစဉ်တွေရဲ့ မဲအရှုပ်တော်ပုံကြောင့် အစီအစဉ်ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ (၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် I.0.I အဖွဲ့ ပြန်ဆုံခဲ့ပါပြီ။

မေလ (၅) ရက်နေ့တုန်းက I.O.I ဟာ ‘I.5.I – Yes, I Love It ဆိုတဲ့ အဖွဲ့လိုက် Special Live ကို ပြုလုပ်ခဲ့တာပါ။ အဲဒီလို အဖွဲ့ပြန်ဆုံတာနဲ့ ပတ်သက်ပြီး Somi က သူမရဲ့ Instagram မှာ စိတ်လှုပ်ရှားကြောင်း ရေးသားခဲ့ပါတယ်။

Somi ဟာ Stroy မှာ Anticipate, anticipate, anticipate. Yessss I loveeee itttt ဆိုတဲ့စာသားကို ရေးတင်ခဲ့သလို အဖွဲ့လိုက် ရိုက်ကူးထားတဲ့ Selfie ပုံကိုလည်း တင်ကာ “ဒါကို စောင့်မျှော်နေတာ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူးမလား”ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အတိတ်တုန်းက Whatta Man ပရိုမိုးရှင်းတုန်းက Kim Doyeon နဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်း မျှဝေခဲ့ပါတယ်။ I.O.I အဖွဲ့ပြန်လည်ဆုံစည်းခဲ့တဲ့ ညချမ်းလေးဟာ တကယ့်ကို ကြည်နူးစရာကောင်းလွန်းလှပါတယ်။

You cannot copy content of this page