K pop

■ အနုပညာလောက အနားယူမယ့်အချိန်ကို ပြောပြခဲ့တဲ့ BTS အဖွဲ့ဝင် V

— – – V ကို ဘယ်အချိန်ထိ ဖန်သားပြင်ထက်မှာ မြင်တွေ့ခွင့်ရမလဲ။ ဒီအဖြေကို V ကိုယ်တိုင် ပေးထားတာ …

ကမ္ဘာကျော် BTS အဖွဲ့ဝင် V ရဲ့ ပွဲထွက်ပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေဟာ အွန်လိုင်းတွေမှာ ပြန်လည်ရေပန်းစားနေပါတယ်။

အဲဒီအင်တာဗျူးမှာ V က အနုပညာအလုပ်က ဘယ်အချိန်အနားယူဖို့ တွေးထားတယ်ဆိုတာကို ပြောပြထားတာဖြစ်လို့ ARMY တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတာပါ။

အနုပညာလောက အနားယူမယ့်အကြောင်းနဲ့ ပတ်သက်လို့ V က “ကျွန်တော် အသက် (၄၀) အထိ ကျွန်တော့်ရဲ့ စွမ်းအားတွေ အားလုံးကို ဂီတ၊ သရုပ်ဆောင်နဲ့ အနုပညာလောကမှာပဲ ထားချင်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိသားစုအတွက်ပဲ တစ်ဘဝလုံးကို အချိန်ပေးချင်ပါတယ်”လို့ ဖြေကြားခဲ့တာပါ။

V ဟာ အခုမှ အသက် (၂၄)နှစ်ကျော်ပဲ ရှိသေးလို့ ARMY တွေအနေနဲ့ V ကို ဖန်သားပြင်ထက်မှာ စတိတ်စင်တွေပေါ်မှာ (၁၆)နှစ်နီးပါး မြင်တွေ့ခွင့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုရီးယားနိုင်ငံမှာ နိုင်ငံသားတိုင်း စစ်မှုမထမ်း မနေရ ကန့်သတ်ရှိနေပြီး ARMY တွေအနေနဲ့ V ကို အဲဒီကာလအတောအတွင်း (၂)နှစ်နီးပါးတော့ လွမ်းရဖို့ ရှိနေပါတယ်။

— ဃဲ
Ref: SBS

You cannot copy content of this page