— တစ်ဖွဲ့က ထိပ်ဆုံးမှာ 36 လ ဆက်တိုက် ….တစ်ဖွဲ့က နံပါတ် 2 မှာ 8 လဆက်တိုက်…
မေလအတွက် Boy Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။
မေလအတွက် Boy Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ပုံမှန်ထိပ်ဆုံးကပဲ ဦးဆောင်နေကြဖြစ်တဲ့ BTS အဖွဲ့က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (13,630,137) ရရှိခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဒီ Ranking ရဲ့ ထိပ်ဆုံးမှာ 36 လ ဆက်တိုက် ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
BTS ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ NCT က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (3,482,324) ရရှိခဲ့ပါတယ်။ NCT အဖွဲ့ကလည်း BTS ရဲ့နောက် နံပါတ် 2 နေရာမှာ 8 လ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နံပါတ် (၃)နေရာမှာတော့ SEVENTEEN အဖွဲ့က Reputation Index (3,354,205) ရရှိခဲ့ကာ ရပ်တည်ခဲ့တာပါ။ SEVENTEEN အဖွဲ့ကလည်း ပြီးခဲ့တဲ့လက နံပါတ် (3)မှာပဲ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Korean Business Research Institute ဟာ ဧပြီလ 8 ရက်နေ့ကနေ မေလ 8 ရက်နေ့အထိ Boy Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
မေလအတွက် Boy Group Brand Reputation Rankings (30) Group စာရင်း
1# BTS ၊ 2# NCT ၊ 3# SEVENTEEN ၊ 4# Highlight ၊ 5# SHINee ၊ 6# EXO ၊ 7# ONF ၊ 8# ASTRO ၊ 9# THE BOYZ ၊ 10# NU’EST
11# BTOB ၊ 12# ENHYPEN ၊ 13# TXT ၊ 14# TREASURE ၊ 15# Super Junior ၊ 16# Stray Kids ၊ 17# ATEEZ ၊ 18# SF9 ၊ 19# WINNER ၊ 20# MONSTA X
21# Shinhwa ၊ 22# BIGBANG ၊ 23# MIRAE ၊ 24# AB6IX ၊ 25# INFINITE ၊ 26# BAE173 ၊ 27# PENTAGON ၊ 28# withus ၊ 29# 2PM ၊ 30# VERIVERY
-m2t
Ref: Soompi