K pop

■ Comeback အချိန်ဇယားတွေကို ထုတ်ပြန်ခဲ့တဲ့ B.I

—- B.I ရဲ့ Comeback ကို နှစ်ရှည်စောင့်ဆိုင်းပြီးမျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် မကြာခင် ဆန္ဒတွေပြည့်ဝလာတော့မှာဖြစ်ပါတယ်။

မေလ 17 ရက်နေ့က အဂျင်စီဖြစ်တဲ့ 131 Label ဟာ အနားယူပြီးနောက် ပထမဆုံး Comeback ပြုလုပ်မယ့် B.I ရဲ့ Full Album ထွက်ရှိမယ့် အချိန်ဇယားတွေကို ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

B.I ဟာ မေလ 14 ရက်နေ့မှာ Pre Release Global Single ကို ထုတ်လွှင့်မှာဖြစ်သလို Full Album ကိုတော့ မေလ 31 ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။

B.I ဟာ Comeback အချိန်ဇယားကို ကြေညာခဲ့ပြီးနောက် စတူဒီယိုအတွင်း Recording သွင်းနေတဲ့ အခိုက်အတန့်အချို့ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ရက်မှာတင်ခဲ့ပြီး ပရိသတ်တွေကို အမြည်းကျွေးခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ B.I ရဲ့ အင်္ဂလိပ်စကားချောမွေ့မှုကို ပရိသတ်တွေက ချီးကျူးခဲ့ကြသလို သူကိုယ်တိုင်ဖန်တီးပြီး ထုတ်လုပ်ထားတဲ့ Music အသစ်တွေကိုလည်း စိတ်ခုန်နေ ကြပါတယ်။

-m2t
Ref: Allkpop and Soompi

You cannot copy content of this page