Articles

■ MTV Movie & TV ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ BTS

—- BTS အဖွဲ့ဟာ ဒီနှစ် MTV Movie & TV ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပြန်ပါပြီ…

မေလ 7 ရက်နေ့မှာ 2021 MTV Movie & TV ဟာ ဒီနှစ်အတွက် ဆုပေးပွဲဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး BTS အဖွဲ့ဟာ ဆုနှစ်ခုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။

BTS အဖွဲ့ဟာ Socially-Voted Categories ဆုနှစ်ခုဖြစ်တဲ့ Best Music Documentary နဲ့ Best Musical Moment ဆုတွေအတွက် ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ရဲ့ Documentary ဖြစ်တဲ့ “Break the Silence: The Movie,” ဟာ Best Music Documentary ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာပါ။ BTS အဖွဲ့ဟာ အဆိုပါဆုအတွက် “Ariana Grande: Excuse Me, I Love You,” ၊ “Biggie: I Got a Story to Tell,” “Billie Eilish: The World’s a Little Blurry,” ၊ “Demi Lovato: Dancing with the Devil,” ၊ “Shawn Mendes: In Wonder,” ၊ “Taylor Swift: Miss Americana,” ၊ “The Bee Gees: How Can You Mend a Broken Heart,” နဲ့“The New York Times Presents: Framing Britney Spears,” and “Tina.” တို့နဲ့အတူ ဆန်ခါတင်စာရင်းဝင်နေတာပါ။

Best Music Documentary ဆုကို မေလ 10 ရက်နေ့မှာ MTV’s Instagram Stories မှာ Voting စပေးနေပြီး 11 ရက်နေ့မှာ Voting သိမ်းမှာဖြစ်ပါတယ်။ ”MTV Movie & TV ဆုပေးပွဲကို မေလ 17 ရက်နေ့ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page