K pop

■အကြိုက်ဆုံး K-pop အဖွဲ့ကို Chaeryeong ဖွင့်ဟရာမှာ ITZY အဖွဲ့ဝင်တွေ အံ့အားသင့်

– – -ITZY အဖွဲ့ဝင်တွေက သူတို့အကြိုက်ဆုံး K-pop ကို ပြောခဲ့ရာမှာတော့ Chaeryeong ရဲ့ အဖြေက…..

ITZY အဖွဲ့ဟာ Seventeen နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာတော့ စိတ်ဝင်စားဖွယ် မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

အဲဒီမှာ ပထမဆုံး မေးခွန်းက ITZY အဖွဲ့ဝင်တွေရဲ့ အကြိုက်ဆုံး K-pop အဖွဲ့ကို မေးမြန်းထားခဲ့တာပါ။ ဒီမှာ ITZY အဖွဲ့ဝင်တွေအားလုံးက ITZY လို့ တစ်ညီတစ်ညွတ်တည်း ဖြေခဲ့ကြပါတယ်။

ဒါပေမဲ့ Chaeryeong ရဲ့ အဖြေကတော့ အဖွဲ့ဝင်တွေနဲ့ မတူကွဲပြားဖြစ်ခဲ့တာပါ။ Chaeryeong အကြိုက်ဆုံးအဖွဲ့ကတော့ တခြားမဟုတ်ဘဲ SNSD အဖွဲ့ ဖြစ်နေခဲ့တာပါ။

ဒါတင်မကသေးဘဲ Chaeryeong က SNSD ရဲ့ နာမည်ကျော်သီချင်းThe Boys ကို ကပြပြီးဟန်လုပ်ခဲ့ပြပါသေးတယ်။ သူမရဲ့ အဖြေကို အဖွဲ့ဝင်တွေက အံ့အားသင့်ခဲ့ကြပြီး SNSD နေရာမှာ ITZY နဲ့ အစားထိုးမလားလို့ မေးခဲ့ပါတယ်။

အဲဒီနောက် Chaeryeong က သူမအနေနဲ့ ITZY အဖွဲ့ကိုလည်း ကြိုက်နှစ်သက်ကြောင်း ခပ်မြန်မြန်ပြန်ရှင်းပြခဲ့ပါတယ်။

You cannot copy content of this page