K pop

■ အခွင့်ကြုံတိုင်း ပရိသတ်တွေ နောက်ပြောင်ခံရလေ့ရှိတဲ့ SNSD Sooyoung ရဲ့ Epic Photo

– – – Passport မေ့ကျန်ခဲ့ကြောင်း သိသွားတဲ့အခါ ဖြစ်သွားတဲ့ Sooyoung ရဲ့ ဓာတ်ပုံတစ်ပုံဟာ ယနေ့တိုင် ခေတ်စားနေဆဲ …

လွန်ခဲ့တဲ့ (၂)နှစ်လောက်က SNSD အဖွဲ့ နိုင်ငံခြားကို ခရီးထွက်ရာမှာ Sooyoung တစ်ယောက် Passport မေ့ကျန်ခဲ့လို့ လေဆိပ်မှာ ဒုက္ခရောက်ခဲ့ကြပါတယ်။

အဲဒီတုန်းက Passport အိမ်မှာ မေ့ကျန်ခဲ့ကြောင်း သိသွားတဲ့ Sooyoung ပုံကို သတင်းထောက်တွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့လို့ ပရိသတ်တွေကြားမှာ အဲဒီဓာတ်ပုံက အရမ်းကို ရေပန်းစားခဲ့တာပါ။

တလောက Sooyoung ဟာ သူမရဲ့ အဲဒီဓာတ်ပုံကို ပရိသတ်တစ်ဦးက နောက်ပြောင်ကာ ခွေးလေးတစ်ကောင်ရဲ့ ပုံစံ တွဲတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံကို Sooyoung တွေ့သွားခဲ့ပြီး သူ့ရဲ့ Instagram Story မှာ ပြန် Share ခဲ့တာပါ။

အဲဒီဓာတ်ပုံနဲ့အတူ Sooyoung က “ဘာကြီးလဲ။ ဘာလို့ ငါတို့က တူရမှာလဲ”ဆိုတဲ့ စာသားလေးကို ရေးတင်ခဲ့တာပါ။

အဲဒါကို တွေ့တဲ့ SONE တွေက သဘောကျခဲ့ကြပြီး မကြီး Sooyoung ကတော့ ပေါက်ကွဲပြီလေဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

– ဃဲ
Ref: KStarLive & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page