— မေလ Female Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….
မေလအတွက် Female Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။
မေလအတွက် Female Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာ ဦးဆောင်ခဲ့တဲ့အဖွဲ့ကတော့ 2017 track “Rollin’” သီချင်းနဲ့ အံ့အားသင့်ဖွယ် ပြန်လည်ကျော်ကြားလာခဲ့တဲ့ Brave Girls အဖွဲ့ဖြစ်ပြီး Reputation Index (3,711,562) ရရှိခဲ့ပါတယ်။ Brave Girls အဖွဲ့ဟာ ပြီးခဲ့တဲ့ဧပြီလမှာလည်း နံပါတ် (၁)နေရာကို ဦးဆောင်ခဲ့ပြီး (2) လဆက်တိုက် ထိပ်ဆုံးမှာဦးဆောင်ခဲ့တာပါ။
Brave Girls ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ BLACKPINK အဖွဲ့ကရပ်တည်နေပြီး Reputation Index (3,521,993) ရရှိခဲ့ပါတယ်။ နံပါတ် (3)မှာတော့ Oh My Girl အဖွဲ့က Reputation Index (1,920,338) ရရှိကာရပ်တည်ခဲ့သလို နံပါတ် (4)နဲ့ (5)မှာလည်း TWICE ၊ STAYC အဖွဲ့တို့က အသီးသီးရပ်တည်ခဲ့တာ တွေ့ရပါတယ်။
Korean Business Research Institute ဟာ ဧပြီလ 9 ရက်နေ့ကနေ မေလ 9 ရက်နေ့အထိ Female Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
မေလအတွက် Female Group Brand Reputation Rankings (30) Group စာရင်း
1# Brave Girls ၊ 2# BLACKPINK ၊ 3# Oh My Girl ၊ 4# TWICE ၊ 5# STAYC ၊ 6# Red Velvet ၊ 7# ITZY ၊ 8# GFRIEND ၊ 9# MAMAMOO ၊ 10# WJSN
11# HOT ISSUE ၊ 12# Lovelyz ၊ 13# Apink ၊ 14# Girls’ Generation ၊ 15# (G)I-DLE ၊ 16# Weeekly ၊ 17# LOONA ၊ 18# aespa ၊ 19# Dreamcatcher ၊ 20# cignature
21# fromis_9 ၊ 22# DIA ၊ 23# EXID ၊ 24# LUNARSOLAR ၊ 25# LABOUM ၊ 26# ELRIS ၊ 27# Weki Meki ၊ 28# Rocket Punch ၊ 29# woo!ah! ၊ 30# MOMOLAND
-m2t
Ref: Soompi