Celebrity

■ BLACKPINK Lisa နဲ့ Collaboration လုပ်နေတယ်လို့ သဲလွန်စပေးခဲ့တဲ့ DJ Snake

—- ပြင်သစ် Record Producer DJ Snake ဟာ BLACKPINK အဖွဲ့ဝင် Lisa နဲ့ Collaboration လုပ်နေတယ်လို့ သဲလွန်စပေးခဲ့တာကြောင့် BLINK တွေအားလုံး ပျော်ရွှင်ခဲ့ကြပါတယ်။

DJ Snake ဟာ BLACKPINK အဖွဲ့ရဲ့ Main Dancer တစ်ဦးနဲ့ သီချင်းအသစ်အတွက် ပြုလုပ်နေတယ် ဆိုတဲ့အကြောင်းကို Twitter မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ပရိသတ်တွေဟာ DJ Snake ကို Twitter ပေါ်မှာ မေးမြန်းခဲ့ကြတာပါ။

ပရိသတ်တွေက Lisa အနေနဲ့ မင်းရဲ့ သီချင်းအသစ်မှာ Featuring Solo အနေနဲ့ ပါဝင်နိုင်မလားဆိုတဲ့ မေးခွန်းကို DJ Snake က “ Yes” လို့ ပြန်ဖြေခဲ့ပါတယ်။ နောက်ပြီး သီချင်းကိုလည်း ပြုလုပ်ပြီးပြီလို့ မှတ်ချက်ပြုခဲ့တာကြောင့် BLINK တွေအားလုံး ပျော်ရွှင်ခဲ့ကြပါတယ်။

ဒါပေမဲ့ Collaboration နဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုချက်တွေမရှိသေးပေမယ့် နောက်ပိုင်းမှာ တော့ DJ Snake ဟာ သူမန့်ခဲ့တဲ့ Comment တွေကို ပြန်ဖျက်ခဲ့တာကြောင့် BLINK တွေ သို့သော သို့လော ဖြစ်ခဲ့သလို Collabration ဟာလည်း အတည်ဖြစ်နိုင်တယ်လို့ မှတ်ချက်တွေပြုနေကြပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page