K pop

■ Kai ရဲ့ ဆေးထိုးခြင်းကို ခံလိုက်ရတဲ့ ပရိုဂျူဆာ Na Young Seok

—- ပရိုဂျူဆာ Na Young Seok က သူဟာ အတိတ်မှာတုန်းက EXO အဖွဲ့ဝင် Kai ရဲ့ ဆေးထိုးခြင်း ကိုခံခဲ့ရဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မေလ 5 ရက်နေ့က ပရိုဂျူဆာ Na Young Seok ဟာ YouTube မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး အဲဒီမှာ Kai နဲ့အရင်တုန်းက Shwo တစ်ခုရိုက်တုန်းက ရယ်မောစရာအဖြစ်အပျက်တစ်ခုကို ဖွင့်ဟခဲ့တာပါ။

Na Young Seok က “ အဲဒီတုန်းက ကျွန်တော်ဟာ ကိုယ့်စတိုင်နဲ့ကိုယ်ပြင်ဆင်တတ်သူပါ။ အဝတ်အ စားဆိုင်ကိုသွားပြီး လိုက်ဖက်တဲ့ ရှပ်အင်္ကျ ီနဲ့ ဘောင်းဘီကို ဝယ်ခဲ့ပါတယ်။ ပြီးတော့ အပေါ်ယံ ဆွယ် တာလက်ပြက်လေးဝယ်ရင် ပိုလိုက်မယ်လို့ ထင်ပြီး Kai ကို တစ်ခုရွေးပေးဖို့ အကူအညီတောင်းခဲ့ပါ တယ်။

Kai ကလည်း ကျွန်တော့်ကိုရွေးပေးပြီး ရှင်းဖို့ ကောင်တာကိုသွားတော့ Cashier က ကုန်ကျစရိတ် ဝမ် 7သိန်းလို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း အံ့အားသင့်ပြီး ဘယ်လိုလဲပေါ့ မေးတဲ့အခါ အပေါ်ယံ ဆွယ်တာလက်ပြတ်တန်ဖိုးက ဝမ် 5သိန်းဖြစ်နေခဲ့တာဖြစ်ပါတယ်။ နောက်တော့လည်း ဆွယ်တာ လက်ပြက်ဟာ ကျွန်တော်နဲ့လည်း သိပ်မလိုက်တော့ Kai ကို အဲဒီအချိန် ကစပြီး ကျွန်တော် မုန်းတော့ တာပါပဲ” လို့ ရယ်မောပြီးပြောခဲ့ပါတယ်။

Kai ကလည်းရယ်မောပြီး “ တကယ်တော့ အဲဒီတုန်းက ကျွန်တော် ဆွယ်တာလက်ပြက်လည်းဝယ် မလို့ စဉ်းစားခဲ့ပါသေးတယ်။ ဈေးနှုန်းကိုကြည့်တဲ့အခါ ဈေးအရမ်းကြီးလို့ မဝယ်တော့တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

 

You cannot copy content of this page