K pop

■ Suga နဲ့ Kang Daniel တို့ရဲ့ ဖုန်းကိုင်တဲ့ပုံစံကို ပရိသတ်တွေသဘောကျနေကြ

ပရိသတ်တွေဟာ BTS အဖွဲ့ဝင် Suga နဲ့ တစ်ကိုယ်တော်အဆိုတော Kang Daniel တို့ရဲ့ ဖုန်းကိုင် တတ်တဲ့ပုံစံကို ရှာဖွေတွေ့ရှိကာ သဘောကျခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ဖုန်းကိုင်တဲ့ပုံစံကို လူအများ အပြားလိုက်တုပလို့မရတာကြောင့်လည်း ပရိသတ်တွေက သဘောကျကြတာပါ။

BTS အဖွဲ့ဝင် Suga ဟာ တကယ်တော့ မိန်းကလေးတိုင်းအားကျရတဲ့ သေးသွယ်တဲ့ ခြေထောက်ပိုင် ရှင်ဖြစ်သလို ကြီးမားရှည်လျားတဲ့လက်ချောင်းတွေကို ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် လည်း Suga ဟာ သူ့ရဲ့ဖုန်းကို တစ်ခါတစ်လေ လက်ခလယ်နဲ့ လက်မ နှစ်ခုထဲသုံးပြီး ဒေါင်လိုက် ကိုင်လေ့ရှိပါတယ်။

တစ်ခါတစ်လေ အိပ်ယာထဲ လှဲနေရင်းနဲ့ အဲဒီလိုကိုင်လေ့ရှိပါတယ်။ ARMY တွေက လွတ်ပြီး မျက်နှာပေါ် ပြုတ်ကျမယ်လို့ စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် Suga ရဲ့ ရှည်လျားတဲ့ လက်ချောင်း တွေက ဖုန်းဒေါက်တောင်တစ်ခုလို မြဲမြံ့ခဲ့တာတွေ့ရမှာပါ။ Suga ရဲ့ အဲဒီလို ဖုန်းကိုင်နည်းကို လူတိုင်း လုပ်နိုင်ကြတာမဟုတ်ဘဲ လက်ချောင်းရှည်လျားတဲ့သူတွေသာ ပြုလုပ်နိုင်တာပါ။

တစ်ကိုယ်တော် အဆိုတော် Kang Daniel ကလည်း Suga လိုပဲ ရှည်လျားပြီး ကြီးမားတဲ့လက်ချောင်း တွေပိုင်ဆိုင်ထားတာပါ။ Kang Daniel ရဲ့ လက်ထဲမှာ ဖုန်းဟာ ကလေးကစားစရာအရုပ်လေးတစ်ရုပ် လိုဖြစ်နေခဲ့တာကို ပုံတွေအရ တွေ့မြင်ရမှာပါ။ iPhone X လို မျက်နှာပြင်ကြီးတဲ့ဖုန်းကိုတောင် Kang Daniel ဟာ လက်ချောင်းနှစ်ချောင်းတည်းနဲ့ ကိုင်နိုင်တာဖြစ်ပါတယ်။

Fan Meeting တစ်ခုတုန်းကဆိုရင် ပရိသတ်တစ်ဦးရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ Kang Daniel ရဲ့ လက်ဟာ အဆိုပါပရိသတ်ရဲ့လက်ကို အကုန်လုံးဖုံးအုပ်သွားနိုင်ခဲ့တာတွေ့ရမှာပါ။ နောက်ပြီး ပေါက် ပေါက်ဆုပ်ဗူးအကြီးကို လက်တစ်ဖက်နဲ့ကိုင်နိုင်တဲ့အဆင့်ကလည်း ဆရာကျပါတယ်။ အဆိုပါ ပေါက်ပေါက်ဆုပ်ဗူးအကြီးကို နာမည်ကြီးအက်ရှင်မင်းသား Ma Dong Seok တောင် လက်တစ်ခုလုံးနဲ့ ကိုင်ပြီး စားခဲ့ရတာပါ။

ဒါကြောင့်လည်း ပရိသတ်တွေက Suga နဲ့ Kang Daniel တို့ရဲ့ ဖုန်းကိုင်တဲ့ပုံစံကို သဘောကျခဲ့ကြပြီး ကြီးမားတဲ့လက်ချောင်းတွေပိုင်ဆိုင်တဲ့သူတွေတောင် လိုက်မလုပ်နိုင်တဲ့ပုံစံလို့ ချီးကျူးခဲ့ကြပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page