K pop

■ အရာရာကို ခွင့်လွှတ်စိတ်မွေးလိုက်ပြီး Ahn Jaehyun ကို ပြန်လည်အားပေးကြဖို့ Goo Hyesun ဖွင့်ဟ

– – – Goo Hyesun ဟာ သူမရဲ့ ခင်ပွန်းဟောင်း Ahn Jaehyun နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဖွင့်ဟခဲ့တာပါ။

မေလ (၇) ရက်နေ့တုန်းက Goo Hyesun ဟာ သူမရဲ့ အတိတ်က အိမ်ထောင်ရေးအကြောင်း၊ ခင်ပွန်းဟောင်း Ahn Jaehyun တို့ရဲ့ အကြောင်းအရာတွေကို စာတစ်စောင်ရေးသားကာ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ပထမဆုံး Goo Hyesun က သူမဟာ ရှေးရိုးနည်းလမ်းတွေအတိုင်း လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သစ္စာဖောက်ခံရတယ်လို့ ခံစားမိရလို့ ခံစားချက်အတိုင်း တုံ့ပြန်မိခဲ့ကြောင်း၊ အခုတော့ ဒါက ရှက်စရာကောင်းတဲ့လုပ်ရပ်လို့ သုံးသပ်နိုင်ပြီဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။

အဲဒီနောက် Goo Hyesun က သူမရဲ့ သူငယ်ချင်းတွေကို ကာကွယ်ပေးချင်လို့ ဒီစာကို ရေးရတာလို့ ဆိုခဲ့ပါတယ်။ Goo Hyesun ဟာ မဟုတ်မှန်သတင်းတွေ ဖြန့်ဝေခဲ့တဲ့ Youtuber Lee Jinho ကိုလည်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး Goo Hyesun က သူမအနေနဲ့ အရာရာကို ခွင့်လွှတ်လိုက်ပြီဖြစ်ပြီး ပရိသတ်တွေအနေနဲ့ Ahn Jaehyun ကို ပြန်လည်အားပေးစေလိုကြောင်း၊ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ahn Jaehyun ဟာ New Journey to the Wes အစီအစဉ်မှာ ပြန်လည်ပါဝင်မှာဖြစ်ပြီး လှုပ်ရှားမှုတွေ ပြန်လုပ်တော့မှာ ဖြစ်ပါတယ်။

Ref: Koreaboo

You cannot copy content of this page