– – – Solo အဖြစ်ပါ အောင်မြင်မှုရရှိနေပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Rose’ရဲ့ဘဝမှာ…..
BLACKPINK အဖွဲ့ဝင် Rose’ ဟာ မတ်လအတွင်း Solo Debut ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Rose’ ဟာ On The Ground သီချင်းနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး အဲဒီသီချင်းဟာ သူမဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ဖြစ်ရပ်တွေအကြောင်း ရေးဖွဲ့ထားခဲတာပါ။ ဒါကြောင့် ဒီသီချင်းဟာ Rose’ ဘဝရဲ့ ကြေးပုံပြင်လို့ပြောလို့ရပါတယ်။
Zach Sang Show နဲ့ အင်တာဗျူးမှာတော့ Rose’ ဟာ On Th Ground သီချင်းနောက်ကွယ်က သူမဘဝအကြောင်းအရာတစ်ချို့ကို ဖွင့်ဟခဲ့ပါတယ်။ သူမဘဝမှာ မိသားစုက အရေးပါဆုံးအရာဖြစ်ကြောင်း Rose’ က ဖွင့်ဟခဲ့ပါတယ်။
“ကျွန်မ သင်တန်းသူဘဝတုန်းက မိသားစုက အဓိပ္ပာယ်အရှိဆုံးအရာလို့ တွေးခဲ့တယ်။ သူတို့က ကျွန်မဘဝရဲ့ အကြီးမားဆုံးပျော်ရွှင်မှုပါပဲ”လို့ Rose’ က ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး Rose’ က သူမဘဝမှာ သီချင်းကလည်း အရေးပါကြောင်း၊ သီချင်းဆိုရတာကို နှစ်သက်ပြီး ဘယ်သူဘာပြောပြော ဂရုမစိုက်ကြောင်း၊ သီချင်းဆိုနေရရင် ပျော်ရွှင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။