K pop

■ Nayeon ဆီက Chaeyoung ကူးစက်ခဲ့တဲ့ ချစ်စဖွယ် အမူအကျင့်

– – – သူတို့နှစ်ယောက်ရဲ့ ပုံစံချစ်စရာကောင်းပြီး..

တစ်ခါတုန်းက TWICE အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Nayeon, Dahyun, Tzuyu, Sana, Jihyo နဲ့ Momo တို့ဟာ Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားပြောဆိုခဲ့ပါတယ။်

အဲဒီမှာ TWICE အဖွဲ့ဝင်တွေဟာ သူတို့အချင်းချင်းကြားက စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖောက်သည်ချခဲ့တာဖြစ်ပြီး Nayeon က Chaeyoung အနေနဲ့ သူမဆီက ကူးစက်ခံလိုက်ရတဲ့ အကျင့်တစ်ခုကို ဖွင့်ဟခဲ့ပါတယ်။

ဒါကတော့ Nayeon အနေနဲ့ အရသာရှိတာတစ်ခုခု စားလိုက်တဲ့အခါ စိတ်လှုပ်ရှားတဲ့ပုံစံနဲ့ စကားပြောဆိုတာ ဖြစ်ပါတယ်။ “အို..ဒါလေးက အရသာအရမ်းရှိတာပဲ။ စားကြည့်ပါလား။ စားကြည့်ပါလား။ ဒီလိုပုံစံမျိုးကို Chaeyoung က ငါ့ဆီက ကူးသွားခဲ့တာပဲ”လို့ Nayeon က ရယ်လျက်ဖွင့်ဟခဲ့ပါတယ်။

Nayeon ရဲ့စကားကို Sana ကလည်း ထောက်ခံခဲ့ပြီး အရသာရှိတာ တစ်ခုခုစားရင် Chaeyoung က သူမကို အဲဒီလိုပုံစံမျိုးလာလုပ်လေ့ရှိကြောင်း ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး Sana က ကြက်ကြော်ဖြစ်ဖြစ်စားရင် Nayeon က နောက်ဆုံးမှကုန်ကြောင်း၊ Nayeon က အသားတွေအထိနွှင်ပြီး ဖဲ့စားလေ့ရှိသူဖြစ်တာကြောင့် နောက်ဆုံးကုန်သူဖြစ်ကြောင်း ဆိုခဲ့ပါသေးတယ်။ TWICE အဖွဲ့ဝင်တွေရဲ့ အမူအကျင့်လေးတွေကတော့ ချစ်စဖွယ်ကောင်းတယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

You cannot copy content of this page