Celebrity

■ ဝေဖန်မှုတွေရှိနေပေမယ့် ’57th Baeksang Awards’ ဆုရခဲ့တဲ့ မင်းသမီး Seo Yeji

— နာမည်ကျော်မင်းသမီး Seo Yeji ဟာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် ဝေဖန်မှုတွေအလူးအလဲခံခဲ့ ရသလို အနုပညာလှုပ်ရှားမှုတွေအားလုံးကလည်း နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုဝေဖန်မှုတွေရှိနေပေမယ့် Seo Yeji ဟာ ’57th Baeksang Awards’ ဆုတစ်ခုကို ရခဲ့ တယ်လို့ သိရပါတယ်။ Seo Yeji ဟာ ’57th Baeksang Awards’ ဆုတစ်ခုဖြစ်တဲ့ ‘TikTok Popularity Awards’ ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ‘TikTok Popularity Awards’ ဆုကို ပရိသတ်တွေရဲ့ Vote နဲ့ ဆုံးဖြတ်တာဖြစ်ပြီး မေလ 10 ရက်နေ့မှာ အဆိုဆုအတွက် Voting ပြီးဆုံးခဲ့ပါတယ်။ Seo Yeji ဟာ မင်းသမီး Shin Hye Sun နဲ့ Kim So Hyun တို့ကို ကျော်ဖြတ်ပြီး Voting 725.83K ရရှိခဲ့ကာ Winner ဖြစ်ခဲ့တာဖြစ်ပါတယ်။

’57th Baeksang Awards’ ဆုပေးပွဲကိုတော့ မေလ 13 ရက်နေ့ ကိုရီးယားစံတော်ချိန် 9PM မှာ ပြုလုပ်မှာဖြစ်ပြီး COVID19 အကျပ်အတည်းတွေကြောင့် ပရိသတ်မပါဘဲ အခမ်းအနားပြုလုပ်မှာဖြစ် သလို တိုက်ရိုက်ထုတ်လွှင့်မှာလည်းဖြစ်ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page