K pop

■ (၁၈) လအကြာမှာ Albumသစ်နဲ့ ပြန်လာတော့မဲ့ EXO အဖွဲ့

– – -နောက်ဆုံးမှာ EXO-L တွေရဲ့ရင်ခွင်ဆီ EXO အဖွဲ့ သက်ဆင်း…

နာမည်ကျော် K-pop အဖွဲ့ EXO ဟာ (၁၈)လ ကြာမြင့်ပြီးနောက်မှာတော့ Album သစ်ကို ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။

ဒီ Album ကို DON’T FIGHT THE FEELING! လို့အမည်ပေးထားပြီး EXO အဖွဲ့ရဲ့ တရားဝင် Twitter ကနေ Teaser နဲ့တကွ ထုတ်ပြန်ခဲ့တာပါ။

ဒီအကြောင်းကို ကြားသိရချင်းမှာပဲ EXO-L တွေက ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြပြီး လှုမှုကွန်ရက်ပေါ်မှာ ခံစားချက် မျှဝေခဲ့ပါတယ်။ “ဒီအချိန်မှာ ခံစားချက်တွေ ပြင်းထန်နေပါတယ်။ ဒါက ငါစောင့်မျှော်နေတဲ့ EXO Comebackပဲ။ Track list တွေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

ဒီသတင်း မထုတ်ပြန်ခင် နာရီပိုင်းအလိုလောက်မှာလည်း EXO အဖွဲ့ဝင် Sehun ကလည်း Live မှာ မိမိတို့အနေနဲ့ Solo Album တွေထုတ်ဝေဖို့ ပြင်ဆင်နေကြောင်း ဖွင့်ဟခဲ့ရာ EXO-L တွေအတွက်တော့ အပျော်ပေါ်အပျော်ဆင့်ခဲ့ရပါတယ်။

EXO ဟာ သူတို့ရဲ့ အဖွဲ့လိုက်နောက်ဆုံး Album Obsession ကို ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေထားခဲ့ပြီး အဲဒီတုန်းကတော့ D.O., Xiumin နဲ့ Lay တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ Album နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးသွးမှာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page