K pop

◼️ TXT အဖွဲ့ဝင် Yeonjun နဲ့ Soobin တို့ရဲ့ အရက်သောက်နိုင်စွမ်းရည်

TXT အဖွဲ့ဟာ ငယ်ရွယ်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုပေမယ့် Yeonjun နဲ့ Soobin တို့ဟာ အရွယ် ရောက်ပြီးသားတွေဖြစ်တာကြောင့် Drinking အကျင့်လေးတော့ရှိကြပါတယ်။

TXT အဖွဲ့ရဲ့ ပြီးခဲ့တဲ့ Fan Signing မှာ ပရိသတ်တွေရဲ့ မေးမြန်းမှုအရ Yeonjun နဲ့ Soobin တို့ရဲ့ သူတို့ရဲ့ အရက်သောက်နိုင်စွမ်းရည်နဲ့ ကြိုက်နှစ်သက်တဲ့ အရက်အကြောင်းတွေကိုလည်း ပြောပြ ခဲ့ကြပါတယ်။

TXT အဖွဲ့ထဲမှာ အသက်ကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Yeonjun က သူ့အနေနဲ့ အဖွဲ့ထဲမှာ အရက် သောက်ဆုံးဖြစ်ပြီး ဆိုဂျူး နှစ်လုံး ဒါမှမဟုတ် နှစ်လုံးခွဲကို သောက်နိုင်တယ်လို့ ဆိုပါတယ်။ သူဟာ ဘီယာ၊ ဆိုဂျူတို့ကို သီးသန့်စီသောက်နိုင်သလို “ Somaek ” မြန်မာလို – “ပေါက်စီ” လို့ ခေါ်တဲ့ အရက်နဲ့ ဘီယာကို ရောပြီးသောက်ရတာကိုလည်း ကြိုက်နှစ်သက်တယ်လို့ Yeonjun က ဆိုပါတယ်။

 

Soobin ကတော့ Yeonjun လောက် သိပ်မသောက်နိုင်ပေမယ့် ဆိုဂျူ တစ်လုံး ဒါမှမဟုတ် တစ်လုံးခွဲ လောက်တော့ သောက်နိုင်တယ်လို့ ပြောပါတယ်။ အဖွဲ့ဝင်တွေအားလုံး တစ်ခွက်တစ်ဖလား သောက် ပြီးတဲ့အခါမှာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေးတွေကိုလည်း ဝေမျှလေ့ရှိတယ်လို့ Soobin က ဆိုပါတယ်။ ဘယ်လောက်ပဲသောက်သောက် အားလုံးဟာ မူးပြီးရင် ချစ်စရာကောင်းစွာ အိပ်ပျော်သွား ကြပြီး သောက်နေတဲ့အချိန်မှာ အားလုံးဟာ သူတို့ရဲ့ မတူညီတဲ့စရိုက်တွေ၊ အရာအားလုံးကို ချိန်သား ကိုက်ဖော်ပြလေ့ရှိပါတယ်လို့ Soobin က ပြောခဲ့ပါတယ်။

– m2t
Ref: Koreaboo

 

You cannot copy content of this page