K pop

■ Big Hit ကို ရွေးချယ်ခဲ့တဲ့အကြောင်းရင်းကို V နဲ့ Jimin ဖွင့်ဟ

— – – BTS အဖွဲ့ဝင်တွေဖြစ်တဲ့ V နဲ့ Jimin တို့က Big Hit Entertainment ကို ရွေးချယ်ခဲ့တဲ့အကြောင်းရင်းကို ဖွင့်ဟခဲ့ကြပြီး Jimin ရဲ့ ရိုးသားလွန်းတဲ့အဖြေကြောင့် ပွဲကျခဲ့ကြပါတယ်။

BTS ရဲ့ New Yang Nam Show မှာ BTS အဖွဲ့ဝင်တွေဟာ သူတို့ Big Hit Entertainment ကို ရွေးချယ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ကြပါတယ်။

Jungkook ဆိုရင် အေဂျင်စီ (၇)ခုရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး RM နဲ့အတူ တွေ့ဆုံခွင့်ရရင် ကောင်းမှာပဲဆိုပြီး Big Hit Entertainment ကို ရွေးချယ်ခဲ့ကြောင်း ပြောပြခဲ့တာပါ။

V ကလည်း Jungkook နဲ့ နည်းနည်းဆင်ပါတယ်။ သူ့အနေနဲ့ BTS rap line ဖြစ်တဲ့ RM, Suga နဲ့ J-Hope ရဲ့ “Satoori Rap” သီချင်းကိုကြားပြီး Big Hit Entertainment ကို ရွေးချယ်ခဲ့ကြောင်း၊ သူ လာချိန်မှာ RM, Suga နဲ့ J-Hope တို့ ပွဲထွက်ပြီးသားလို့ ထင်ခဲ့ကြောင်းနဲ့ သူတို့နဲ့အတူ ပွဲထွက်ရမယ်လို့ သိရတာကြောင့် အလွန်အံ့အားသင့်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Jimin က “အားလုံးက Big Hit Entertainment ကို ရွေးချယ်ခဲ့ကြပေါ့နော်။ ကျွန်တော့်ကတော့ Big Hit Entertainment မှ ကျွန်တော့်ကို မရွေးရင် ကျွန်တော် ရွေးမယ့် အေဂျင်စီမရှိလို့ ရွေးခဲ့တာပါ”လို့ ရယ်ရင်း ပြောဆိုခဲ့တာကြောင့် BTS အဖွဲ့ဝင်တွေအားလုံး ပွဲကျခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page