K pop

■ Rosé ကျဆင်းခဲ့ရတဲ့ မျက်ရည်မြစ်

— – – မြင်တွေ့နေရတာနဲ့ Reality ဟာ ကွာခြားလွန်းပါတယ်။ ခမ်းနားထည်ဝါမှုတွေရဲ့ နောက်ကွယ်က Rosé ရဲ့ မျက်ရည်တွေ ဘယ်လောက်များများ …

BLACKPINK: Light Up the Sky ဟာ BLACKPINK အဖွဲ့ဖြစ်တည်လာမှုနဲ့ လက်ရှိ အောင်မြင်ကျော်ကြားမှုတွေအကြောင်းကို Documentary အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။

အဲဒီမှာ BLACKPINK ဖြစ်ဖို့ အဖွဲ့ဝင်တွေ ရုန်းကန်ခဲ့ရတဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။ Jisoo က “ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကြောင့် ဒီမှာ ရပ်လိုက်တာပဲ ကောင်းမယ်လို့ ကျွန်မ တွေးခဲ့ဖူးပါတယ်”လို့ ဆိုခဲ့ပါတယ်။

Rosé ကတော့ သူတို့ဟာ ရှေ့မှာ ဘာမှမမြင်ရဘဲ မှောင်ပိန်းနေတဲ့ လမ်းတွေကို စမ်းတ၀ါးဝါးနဲ့ လျှောက်ခဲ့ရတယ်လို့ ပြောဆိုခဲ့တာပါ။ “ဘာဖြစ်လာမယ်ဆိုတာကို မသိဘဲနဲ့ ကျွန်မတို့ ကြီးပြင်းခဲ့ရတယ်”လို့ ပြောဆိုရင်း Rosé ဟာ မျက်ရည်တွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Rosé က သူမအနေနဲ့ တစ်ဘ၀လုံး မိဘတွေ၊ မိသားစုတွေနဲ့ ရေခြားမြေခြားမှာ ခွဲနေရမယ်လို့ တစ်ခါမှတောင် မတွေးဖူးဘူးလို့ အဲဒီမှာ ပြောဆိုထားပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page