K pop

■ အမျိုးသမီး K-pop Idol တွေ ချိုင်း(ဂျိုင်း)မှာ မိတ်ကပ်လိမ်းသလား ?

— – – စတိတ်စင်ပေါ်မှာ ဖြစ်ဖြစ်၊ MV မှာ ဘယ်ဖြစ်ဖြစ်၊ အမျိုးသမီး Idol တွေ အရမ်းလန်းနေတာကို တွေ့ရမှာပါ။ သူတို့ ချိုင်းကို မိတ်ကပ်လူးတယ်ဆိုတာ အမှန်ပဲလား။

ဒါကို ပရော်ဖက်ရှင်နယ် မိတ်ကပ်ဆရာတွေက အဖြေပေးထားပါတယ်။ Doy နဲ့ Inha တို့ဟာ SEVENTEEN, IOI, T-ARA, Wanna One နဲ့ AB6IX တို့ရဲ့ မိတ်ကပ် Artist တွေပါ။

သူတို့ဟာ AYO You Tube Channel မှာ Idol တွေ ပတ်သက်ပြီး ပရိသတ်တွေ သိချင်တာတွေကို ဖြေခဲ့ကြပါတယ်။ အဲဒီမှာ ပရိသတ်တစ်ယောက်က “အမျိုးသမီး K-pop Idol တွေ ချိုင်း(ဂျိုင်း)မှာ မိတ်ကပ်လူးသလား”ဆိုပြီး မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို Doy က “အမျိုးသမီး Idol တွေအနေနဲ့ လေ့ကျင့်မှုတွေ အမြဲပြုလုပ်နေတာကြောင့် ချိုင်းသား မဲတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ အမျိုးသမီး Idol တွေရဲ့ ချိုင်းကို တစ်ခါမှ မိတ်ကပ်လိမ်းမပေးဘူးသလို၊ ကြုံလည်း မကြုံဖူးပါ”လို့ ဖြေခဲ့ပါတယ်။

သူမက ဆက်ပြီးတော့ တစ်ခါတလေ Idol တွေ လေ့ကျင့်ရင်း ဒူးတွေမှာ အညိုအမဲ စွဲတဲ့အခါမျိုးမှာတော့ သူတို့အနေနဲ့ အဲဒါတွေကို အမြင်တင့်တယ်အောင် မိတ်ကပ်လိမ်းပေးတာမျိုး ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ချိုင်းကိုတော့ သေချာဂရုစိုက်ပြီး ထိန်းသိမ်းမယ်ဆိုရင် ချိုင်းသားလှမှာဖြစ်တယ်လို့ ဆိုခဲ့ပြီး ဒီအချက်နဲ့ ပတ်သက်လို့ အတည်ပြုချက်မရှိပေမဲ့ အမျိုးသမီး Idol တွေ ချိုင်းကို မိတ်ကပ်လိမ်းတာမျိုးတွေ ရှိနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page