K pop

■ Jennie ဆိုတဲ့ နာမည်က ကိုရီးယားထိပ်တန်းမင်းသားတစ်ယောက်ကြောင့် ဖြစ်လာတာပါ

— – – Jennie က သူမရဲ့ နာမည်ဟာ ကိုရီးယားနာမည်ရင်းဖြစ်ပြီး အဲဒီအမည်ဟာ ကိုရီးယားထိပ်တန်းမင်းသားတစ်ဦးကြောင့် ဖြစ်လာတာလို့ ဆိုခဲ့ပါတယ်။

Knowing Bros အစီအစဉ်မှာ  Jennie ဟာ သူမရဲ့ နာမည်ဖြစ်တည်လာပုံအကြောင်းကို ပြောပြခဲ့ပြီး ကိုရီးယားမင်းသားတစ်ဦးကြောင့် အဲဒီနာမည် ဖြစ်လာတာလို့ ဆိုခဲ့ပါတယ်။

Jennie က “Jennie ဆိုတဲ့ နာမည်ကို လူတွေကို ကျွန်မရဲ့ ကိုရီးယားနာမည် ဟုတ်မှာ မဟုတ်ဘူး။ စတိတ်နာမည်ပဲ ဖြစ်မယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ တကယ့်ကိုရီးယား နာမည်ရင်းကလည်း Jennie ပါပဲ။

ကျွန်မမေမေက မင်းသား Lee Jung Jae ရဲ့ အကြီးစားပရိသတ်ပါ။ မေမေဟာ Lee Jung Jae ရဲ့ Hourglass ဇာတ်လမ်းတွဲကို အရမ်းနှစ်သက်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ Lee Jung Jae က Jae Hee ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တာပါ။

ဒီတော့ မေမေက သူ သားလေးမွေးရင် Jae Hee ဆိုတဲ့ နာမည်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သားလေး မမွေးဘဲ ကျွန်မပဲ မွေးလာတော့ မေမေက Jae Hee ဆိုတာ ယောကျ်ားလေးနာမည်ဖြစ်တဲ့အတွက် Jae Hee ဆင်တူတဲ့ Jennie ဆိုပြီး မှည့်ခဲ့တာ ဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

Jennie ဟာ နောက်ပိုင်းမှာတော့ အပြင်မှာ သူမရဲ့ မိခင်ဖြစ်သူ အလွန်နှစ်သက်တဲ့ မင်းသား Lee Jung Jae နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး အဲဒီအကြောင်းကို ပြောပြရာမှာတော့ မင်းသား Lee Jung Jae ဟာ အံ့သြသွားခဲ့ပြီး Jennie ရဲ့အမေက သူ့ပရိသတ်ဖြစ်တဲ့အတွက် အလွန်ပျော်တယ်လို့ သူ့ကို ပြောခဲ့ကြောင်းလည်း Jennie က ဆက်ပြောခဲ့ပါတယ်။

— ဃဲ
Ref: Knowing Bros

You cannot copy content of this page