K pop

■ TWICE သီချင်းအများစုမှာ အဖွင့်ပိုဒ်ကို ဘာကြောင့် Nayeon သီဆိုခွင့်ရတာလဲ ?

— – – TWICE အဖွဲ့ရဲ့သီချင်းတော်တော်များများမှာ Nayeon က အဖွင့်ပိုဒ်တွေကို ဘာကြောင့် သီဆိုခွင့်ရသလဲဆိုတာကို ပရိုဂျူဆာက ရှင်းပြထားပါတယ်။

TWICE အဖွဲ့ Producer ဖြစ်တဲ့ Black Eyed Pilseung ဟာ ပရိသတ်တွေ သိချင်နေတဲ့ TWICE သီချင်းအများစုမှာ အဖွင့်ပိုဒ်ကို Nayeon ဘာကြောင့် သီဆိုခွင့်ရတာလဲဆိုတဲ့ မေးခွန်းကို အဖြေပေးခဲ့ပါတယ်။

Black Eyed Pilseung ရဲ့ အဖြေကတော့ ရှင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက Nayeon ရဲ့ အသံက TWICE အဖွဲ့မှာ fresh အဖြစ်ဆုံးဖြစ်ပြီး ချစ်စရာအကောင်းဆုံးဖြစ်တာကြောင့်လို့ ဆိုပါတယ်။

K-pop အဖွဲ့တွေမှာ အများအားဖြင့် သီချင်းတွေရဲ့ အဖွင့်ပိုဒ်တွေကို Lead or Main Vocal တို့က အဓိကသီဆိုလေ့ရှိပါတယ်။ ဒါကြောင့်လည်း TWICE အဖွဲ့မှာ အဖွင့်ပိုဒ်တွေကို အများဆုံးသီဆိုခွင့်ရသူတွေက Nayeon နဲ့ Jihyo တို့ ပါပဲ။

TWICE အဖွဲ့မှာတော့ Jihyo က ပိုပြီးနက်ရှိုင်းတဲ့အသံနဲ့ Husky Voice ပိုင်ဆိုင်ထားပြီး ဒါကြောင့် Jihyo ဟာ TWICE အဖွဲ့ရဲ့ သီချင်းတွေမှာ Chorus ပိုဒ်တွေကို အများဆုံးသီဆိုခွင့်ရတာဖြစ်တယ်လို့ Black Eyed Pilseung က ရှင်းပြထားပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page