Celebrity

■ 57th Baeksang Arts Awards ဆုပေးပွဲကို Seo Ye Ji တက်ရောက်မည်မဟုတ်

—- မင်းသမီး Seo Ye Ji ဟာ 57th Baeksang Arts Awards ဆုပေးပွဲကို တက်ရောက်မှာမဟုတ် ဘူးလို့ အေဂျင်စီက အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

မေလ 10 ရက်နေ့က မင်းသမီး Seo Ye Ji ဟာ 57th Baeksang Arts Awards ဆုပေးပွဲမှာ TikTok Popularity Award ဆုကို မဲအရေအတွက်အသာစီးနဲ့ Winner ဖြစ်ခဲ့တာဖြစ်ပါတယ်။ Seo Ye Ji ဟာ ပြဿနာတွေနဲ့ရင်ဆိုင်နေရပေမယ့် ပရိသတ်တွေရဲ့ Voting 780,000 ကျော်ရရှိကာ Winner ဖြစ်ခဲ့ တာပါ။

နောက်ပြီး မင်းသမီး Seo Ye Ji ဟာ 57th Baeksang Arts Awards ဆုပေးပွဲမှာ “It’s Okay to Not Be Okay.” ဒရာမာနဲ့ Best Actress category ဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ပါဝင်နေသူဖြစ် ပါတယ်။ လက်ရှိအချိန်မှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ မင်းသမီး Seo Ye Ji အနေနဲ့ အဆိုပါဆုပေး ပွဲကို တက်ရောက်မှာလား၊ မတက်ရောက်ဘူးလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားခဲ့ကြပါ တယ်။

အခုအခါ Seo Ye Ji ဟာ မေလ 13 ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲမှာကို ပုဂ္ဂိုလ်ရေးအကြောင်းပြ ချက်ကြောင့် တက်ရောက်မှာမဟုတ်ဘူးလို့ အေဂျင်စီ GOLDMEDALIST ကကြေညာခဲ့တာဖြစ်ပါ တယ်။

-m2t
Ref: Soompi

You cannot copy content of this page