K pop

■ ဖုန်းခေါ်နေတာကို ရပ်တန့်ပေးဖို့ Sasaengs တွေကို Sehun တောင်းဆို

– – – Sehun ဟာ Sasaengs တွေဆီကနေ တစ်နေ့ကို အကြိမ် တစ်ရာလောက် ဖုန်းခေါ်တာ ခံနေရပြီး…

K-pop Idol တွေအတွက်တော့ Sasaengs တွေက ဆိုးရွားတဲ့အရာ ဖြစ်ပါတယ်။

Idol တွေရဲ့ သီးသန့်လူနေထိုင်မှုဘဝအထိပါ Sasaengs တွေက လိုက်လံနှောင့်ယှက်တတ်ကြပြီး K-pop လောကကို ညစ်နွမ်းစေသူတွေဆိုရင်လည်း မမှားပါဘူး။ K-pop မှာတော့ Sasaengs တွေရဲ့ ဒဏ်ကို မခံရတဲ့Idol ဆိုတာ မရှိသလောက်ရှားပါတယ်။

EXO အဖွဲ့ဝင် Sehun ကလည်း တလောတုန်းက Live လွှင့်ရာမှာ သူ့ကို Sasaengs တချို့က ဖုန်းခေါ်တာမျိုးတွေရှိခဲ့ပြီး အဲဒီနောက် ဖုန်းမခေါ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော့်ကို ဖုန်းမခေါ်ကြပါနဲ့။ ကျွန်တော် တောင်းဆိုပါရစေ။ တစ်နေ့ကို ဖုန်းအခါတစ်ရာကျော်လောက် လက်ခံရရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖုန်းနံပါတ် မပြောင်းပါဘူး။ တကယ်လို့ ကျွန်တော့်နံပါတ်ပြောင်းလိုက်ရင်တောင် ဒီပြဿနာက ပြီးသွားမှာ မဟုတ်ပါဘူး”လို့ Sehun က ဖွင့်ဟခဲ့ပါတယ်။

Sasaengs တွေရဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ခဲ့တဲ့ Sehun ကို ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

Ref:Koreaboo

You cannot copy content of this page