Cele

■ နိုဝင်ဘာလအတွင်း အကျော်ကြားဆုံး K သရုပ်ဆောင် (၁၀) ဦး

— – – ထိပ်တန်းခေါင်းဆောင်မင်းသားတွေကို နံပါတ် (၁)နေရာမှ ရပ်တည်နေသူကတော့ …

Korean Business Research Institute က နိုဝင်ဘာလအတွက် Drama Actor Brand Reputation Rankings စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ (၂၈) ရက်ကနေ နိုဝင်ဘာ (၂၈) ရက်အတွင်း media coverage, participation, interaction နဲ့ community indexes တွေ အခြေခံတွက်ချက်ပြီး အကျော်ကြားဆုံး သရုပ်ဆောင် (၅၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

အဲဒီစာရင်းမှာ အံ့သြစရာကောင်းလောက်အောင် နာမည်ကျော် ထိပ်တန်းသရုပ်ဆောင်တွေကို ကျော်ပြီး “Start-Up” ဇာတ်လမ်းတွဲက ဒုတိယခေါင်းဆောင်မင်းသား Kim Seon Ho က နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

နံပါတ် (၂)နဲ့ နံပါတ် (၃) နေရာတွေမှာတော့ Nam Joo Hyuk နဲ့ Lee Dong Wook တို့က အစဉ်လိုက် ရပ်တည်ခဲ့ပြီး နိုဝင်ဘာလအတွင်း အကျော်ကြားဆုံး K သရုပ်ဆောင် (၁၀)ဦးစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ နိုဝင်ဘာလအတွင်း အကျော်ကြားဆုံး K သရုပ်ဆောင် (၁၀) ဦး

1- Kim Seon Ho

2- Nam Joo Hyuk

3- Lee Dong Wook

4- Park Ha Sun

5- Uhm Ji Won

6- Lee Do Hyun

7- Lee Ji Ah

8- Kim So Yeon

9- Jo Bo Ah

10- Lee Jae Wook

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page