K pop

■ Heechul နဲ့ အရင်းနှီးဆုံး Jisoo ရဲ့ မိသားစုဝင်တစ်ဦး

– – – Jisoo တို့ မိသားစုထဲမှာတော့ Heechul ဟာ ဒီတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးပြီး….

တလောတုန်းက ထုတ်လွှင့်ခဲ့တဲ့ Century Hit Song ရဲ့ အပိုင်း (၂၀) မှာတော့ Super Junior အဖွဲ့ဝင် Heechul က BLACKPINK အဖွဲ့ဝင် Jisoo အစ်မ မင်္ဂလာဆောင်ကိုဖိတ်ခေါ်ခံခဲ့ရတဲ့အကြောင်းဖွင့်ဟခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ Heechul က အမှတ်ရစရာအကောင်းဆုံး တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားအကြောင်း အမေးခံခဲ့ရတာပါ။ ဒီအခါမှာတော့ Heechul က Jisoo အစ်မရဲ့ မင်္ဂဆောာင်အကြောင်း ပြောပြခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတာက Heechul ဟာ Jisoo အစ်မကို မင်္ဂလာဆောင်မှာမှ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ဖူးတာပါ။ “ကျွန်တော့်အနေနဲ့ BLACKPINK အဖွဲ့ဝင် Jisoo အစ်မ မင်္ဂလာဆောင်ကို သွားခဲ့ပါတယ်။

ရယ်စရာကောင်းတာက Jisoo နဲ့ ကျွန်တော် အဲဒီတုန်းက မသိခဲ့သလို သူ့အစ်မကိုလည်း တစ်ခါမှ မမြင်ဖူးပါဘူး။ သူမကို ခပ်လှမ်းလှမ်းကနေပဲ မြင်ခဲ့ရတာပါ”လို့ Heechul ကဆိုခဲ့ပါတယ်။

တကယ်တော့ Heechul ဟာ Jisoo ရဲ့အဖေနဲ့ သိကျွမ်းခဲ့တာဖြစ်ပြီး အဲဒီမင်္ဂလာဆောင်ကိုလည်း အဖေဖြစ်သူရဲ့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့တာပါ။ “ကျွန်တော် Jisoo အဖေနဲ့သိတာ တော်တော်ကြာပါပြီ”လို့ Heechul က ဆိုခဲ့ပါတယ်။

ဒီအခါ အစီအစဉ်မှာ ပါဝင်သူတွေက Jisoo အဖေနဲ့ ဘယ်လိုရင်းနှီးသလဲလို့ မေးခဲ့ရာမှာတော့ Heechul က ရယ်ပြီး “ဘာလဲ။ ကျွန်တော်က Jisoo အဖေနဲ့ ခင်လို့မရတော့ဘူးလား။ ဒါက နှစ်တော်တော်ကြာတုန်းကကျွန်တော့်ရဲ့ အမှတ်ရစရာကောင်းတဲ့ မင်္ဂလာပွဲပါပဲ”လို့ Heechul က ဖွင့်ဟခဲ့ပါတယ်။

You cannot copy content of this page