K pop

■ Lisa က သူမရဲ့ Bangs ကို ဘာကြောင့် မပြောင်းသလဲဆိုတာကို Style အကြံပေး ဆွေးနွေး

— – – သူ့ရဲ့သုံးသပ်ချက်က လုံးဝပြီးပြည့်စုံပြီး Lisa ကို Bangs နဲ့ တွေ့ချင်လား၊ Bangs မပါဘဲ တွေ့ချင်ပါသလား။

Knowing Brothers အစီအစဉ်မှာ BLACKPINK အဖွဲ့ ပါဝင်ခဲ့တုန်းက Lisa က သူမအနေနဲ့ ဝမ်(၁၀)ဘီလီယံထက် လျော့နည်းနဲ့ ပမာဏဆိုရင် သူမရဲ့ Bangs ကို ပြောင်းလဲဖို့ လုံးဝစဉ်းစားမှာ မဟုတ်ဘူးလို့ နောက်ပြောင်ခဲ့တာကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။

အမျိုးသမီးတော်တော်များများဟာ သူတို့ရဲ့ နှာဖူး ကျယ်လွန်းတာ၊ နှဖူး ပြောင်တာတွေကြောင့် မသက်မသာဖြစ်ပြီး အဲဒီကို Bangs (နဖူးပေါ် ဆံမြိတ်ချတဲ့ ဆံပင်ပုံစံ)နဲ့ ဖုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ Lisa ကတော့ အဲဒီလို မဟုတ်ဘူးလို့ နာမည်ကျော် ကိုရီးယား Style အကြံပေး RareLee က ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ Lisa ရဲ့ နဖူးက အနေတော်အနေအထားဖြစ်ပြီး Perfect ဖြစ်တယ်လို့ RareLee က ဆိုပါတယ်။ ဒါကို Lisa က သက်သေပြခဲ့တာတွေ ရှိတာကြောင့် RareLee က အခုလို ဆိုတာဖြစ်ပါတယ်။ ဒါဆို Lisa က ဘာကြောင့် Bangs ကို ပြောင်းလဲခြင်းမရှိရတာလဲ။ ဒါနဲ့ပတ်သက်လို့ RareLee ရဲ့ သုံးသပ်ချက်က ဒီလိုပါ။

“Lisa ရဲ့ မျက်လုံးက လုံးဝိုင်းပြီး ကြီးတာကြောင့် အရမ်းလှတယ်။ ဒါကြောင့် Lisa ကို သက်ရှိအရုပ်ကလေးလို့ ခေါ်ကြတာပါ။ ပြီးတော့ Lisa ရဲ့ မျက်လုံးနဲ့ မျက်ခုံးကြားက အကွာအဝေးက တိုပါတယ်။ ဒါက ယောကျ်ားလေးတွေရဲ့ Charisma ကို ပေါ်လွင်စေပါတယ်။ တကယ်လို့ မျက်လုံးနဲ့ မျက်ခုံးကြား အကွာအဝေး ကြီးမားတယ်ဆိုရင်တော့ မိန်းကလေးဆန်တဲ့ နူးညံသိမ်မွေ့မှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပါတယ်”လို့ RareLee က ပြောပြပါတယ်။

ဆက်ပြီးတော့ RareLee က “Bangs ချထားခြင်းအားဖြင့် Lisa ဟာ သူမရဲ့ မျက်လုံးနဲ့ မျက်ခုံးကြားအကွာအဝေးကို ထိန်းညှိလိုက်သလို ဖြစ်သွားပြီး ဒါက သူမကို Sweet ဖြစ်တယ်။ Chic ဖြစ်တယ်ဆိုတဲ့ ပုံရိပ်ကို ပေါ်လွင်စေပြီး အရုပ်ကလေးလို အပြစ်ကင်းစွာ လှစေပါတယ်”လို့ ဆိုခဲ့တာပါ။

တကယ်လို့ Lisa အနေနဲ့ သူမရဲ့ Bangs ကို ပြောင်းလဲလိုက်မယ်ဆိုရင် သူမရဲ့ ပုံရိပ်ဟာ ပို Strong ဖြစ်လာမှာဖြစ်ပြီး ဆွဲဆောင်မှုလည်း ပိုရှိလာမယ်လို့ RareLee က ဆိုပါတယ်။ ဒါပေမဲ့ Lisa ကတော့ ဆွဲဆောင်မှုရှိတာထက် သိမ့်မွေးပြီး ချစ်စရာကောင်းတဲ့ပုံစံမျိုးကို ပိုသဘောကျတာကြောင့် Bangs ကို မပြောင်းလဲတာဖြစ်ပါတယ်။

Lisa ဟာ Bangs အပြည့်ချထားလေ့ရှိပေမဲ့ သူမရဲ့ သူမတူတဲ့ အကစွမ်းရည်တွေကြောင့် ကတဲ့အခါမှာတော့ အလွန်ဆွဲဆောင် ရှိနေတာ ဖြစ်ပါတယ်။

— ဃဲ
Source: RareLee You Tube

You cannot copy content of this page