K pop

■ Idol တွေကို ကာကွယ်ဖို့အတွက် ဘော်ဒီဂတ်တွေ မရှိမဖြစ်ဆောင်ထားတဲ့အရာ

— – – ဒါက နည်းနည်းထူးဆန်းသလိုတော့ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဘက်စုံအသုံးဝင်ကတော့ ငြင်းလို့မရပါဘူး။

ဘယ်လောက်ပဲ သန်စွမ်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါစေ။ ဘော်ဒီဂတ်တွေအနေနဲ့ Idol တွေ၊ နာမည်ကျော်တွေကို လက်ဗလာနဲ့ ကာကွယ်ဖို့ဆိုတာကတော့ တကယ်ကို မလွယ်ပါဘူး။ AYO YouTube video မှာတော့ K-Pop Idol တွေကို ကာကွယ်နေတဲ့ ဘော်ဒီဂတ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

နာမည်ကျော်တွေရဲ့ ဘော်ဒီဂတ်အဖြစ် နှစ်ပေါင်း (၂၀)ကြာ ဆောင်ရွက်ခဲ့တဲ့ Strong Friends အေဂျင်စီက Deputy director Lee Ho Min နဲ့ manager Kim Da Ye တို့ ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပြီး ဘော်ဒီဂတ်တွေ ဆောင်ထားလေ့ရှိတဲ့ အရာတွေကို ပြောပြခဲ့တာပါ။

K-Pop Idol တွေကို ကာကွယ်ဖို့အတွက် ဘော်ဒီဂတ် မရှိမဖြစ် ဆောင်ထားသင့်တဲ့အရာ လူတိုင်းသိတဲ့ အသုံးအဆောင် တစ်ခုကို သူတို့က ပြောပြခဲ့ပါတယ်။ အဲဒါကတော့ ထီးပါပဲ။ “ဘော်ဒီဂတ်တွေအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ထီးပဲ ဖြစ်ပါတယ်”လို့ Lee Ho Min က ဆိုပါတယ်။

ထီးက အလွန်အသုံးဝင်ပါတယ်။ နာမည်ကျော်တွေကို ကိုယ်ထိလက်ရောက် နာကျင်စေမှုတွေက ကာကွယ်ဖို့အတွက် ဘော်ဒီဂတ်တွေဟာ ထီးတွေကို အသုံးပြုလေ့ရှိသလို၊ အမျိုးသမီး Idol တွေ ကားပေါ်က ဆင်းတဲ့အခါ ဟိုပေါ် ဒီပေါ် မဖြစ်ရလေအောင် ထီးနဲ့ ကာကွယ်တာမျိုးတွေလည်း ရှိပါတယ်။

ဒါ့ပြင် ဘော်ဒီဂတ်တွေဟာ အလှအပကို ဂရုစိုက်ရတဲ့ K-pop Idol တွေကို နေပူမလောင်ရအောင်၊ မိုးရွာတဲ့အခါ မိုးမစိုရလေအောင်အတွက် ထီးတွေကို အသုံးပြုကြပါတယ်။ ထီးတွေဟာ အဲဒီအတွက်သာမက ဘေးဖြစ်နိုင်တဲ့ အနေအထားတွေမှာလည်း သုံးလို့ရတာကြောင့် K-Pop Idol တွေကို ကာကွယ်ရတဲ့ ဘော်ဒီဂတ်တွေအတွက်တော့ မရှိမဖြစ် အရာဖြစ်ပါသတဲ့။

— ဃဲ
Ref: Koreaboo

You cannot copy content of this page