— – – J-Hope ကို အသင့်ပြင်ထားဖို့ Jimin က သတိပေးလိုက် …
BTS အဖွဲ့ကို ပရိသတ်တွေ ချစ်ကြတဲ့အထဲမှာ အဖွဲ့ဝင်အချင်းချင်း တစ်ဦးအပေါ် တစ်ဦး ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ တစ်ခါတလေ တစ်ယောက်ကို တစ်ယောက် နောက်ပြောင်မှုတွေလည်း ပါဝင်ပါတယ်။
K-pop ပရိသတ်တွေရဲ့ ထုံးစံအတိုင်း ဒီအဖွဲ့ကိုပဲ အားပေးတာဖြစ်ပေမဲ့ အဲဒီမှာ Bias ဆိုတာက ရှိတတ်ပါသေးတယ်။ သိပ်မကြာခင်ကတော့ Jimin ဟာ ပို့စ်တစ်ခုနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက Jimin ဟာ BTS အဖွဲ့ရဲ့ Twitter မှာ ၂၀၁၉ နဲ့ ၂၀၂၀ အတွင်း သူရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်တွေကို တိုင်းတာထားတဲ့ Result တစ်ခုကို တင်ခဲ့တာပါ။ အဲဒီ Result အရ Jimin ဟာ ၂၀၁၉ တုန်းက အရပ်အမောင်း 173.6 cm (5’6.9″) ရှိခဲ့ပြီး ဒီနှစ်မှာတော့ 174 cm (5’7.1″) ရှိခဲ့ကာ မနှစ်ကထက် (၁) လက်မနီးပါး ပိုရှည်လာခဲ့ပါတယ်။
အဲဒီ Result စာရွက်နဲ့အတူ Jimin က “My height…Wow!!” ဆိုတဲ့ Caption ကို ရေးသားခဲ့ပါတယ်။ နောက်ပို့တစ်ခုမှာတော့ Jimin က “Yoongi hyung ရဲ့ အရပ်အမောင်းကို ကျွန်တော် လိုက်မိသွားပြီး နောက်ပစ်မှတ်ကတော့ J-Hope hyung ပဲ။ ဒီတော့ J-Hope hyung ရေ အသင့်သာ ပြင်ထားပါ”ဆိုပြီး ရေးတင်ခဲ့တာ ဖြစ်ပါတယ်။
BTS အဖွဲ့မှာ Jimin အရပ်အပုဆုံးဖြစ်ပြီး အဲဒီအတွက် အဖွဲ့ဝင်တွေရဲ့ စနောက်မှုကို အခွင့်ကြုံရင် ကြုံသလို ခံရလေ့ရှိသူ ဖြစ်ပါတယ်။
— ဃဲ
Ref: AKP