K pop

■ BLACKPINK အဖွဲ့ဝင်တွေက အစားလိုင်းလား၊ အအိပ်လိုင်းလား

3– – – နှစ်ခုစလုံးက အရေးကြီးတာချည်းပါပဲ။ ဒါပေမဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ရွေးချယ်မှုတွေကတော့ …

BLACKPINK အဖွဲ့ဝင်တွေ အကြိုက်အရာ (၂) ခုရှိပါတယ်။ အဲဒါကတော့ အအိပ်နဲ့ အစားပါပဲ။ တကယ်လို့ ဒါတွေမှ မရှိဘူးဆိုရင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအနေအထားက အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါကတော့ လူတိုင်း ဒီလိုချည်းပါပဲ။

24/365 with BLACKPINK အပိုင်းတစ်ပိုင်းမှာ Hunger versus Sleep (ဆာလောင်မှု Vs အိပ်စက်ခြင်း) မှာ ဘယ်ဟာ အရေးကြီးသလဲဆိုတာကို BLACKPINK အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

Jisoo က စပြီးတော့ “ငါကတော့ ဗိုက်ဆာလို့ အိပ်မပျော်တဲ့ အခိုက်အတန့်တွေ အများကြီး ကြုံဖူးတယ်။ ငါကတော့ ဗိုက်ဟောင်းလောင်းနဲ့ မအိပ်နိုင်ဘူး”လို့ ဆိုခဲ့ပါတယ်။ ဒါကို Rosé ကလည်း “ကျွန်မလည်း အဲဒီလိုအခြေအနေမျိုးမှာ မအိပ်နိုင်ဘူး”လို့ Jisoo ကို ထောက်ခံခဲ့ပါတယ်။

Jennie ကတော့ သူတို့နှစ်ယောက်နဲ့ ဆန့်ကျင်ဘက်ပါ။ “ကျွန်မအတွက်တော့ အိပ်စက်ခြင်းက ပထမပါ။ တအားပင်ပန်းလာပြီး ဗိုက် ဘယ်လောက်ပဲ ဆာဆာ အိပ်နိုင်ပါတယ်”လို့ Jennie က ဆိုပါတယ်။

Lisa ကတော့ အစားဘက်လိုင်းကို သဘောတူခဲ့ပြီး အဲဒီမေးခွန်းအတွက် BLINK တွေကို ဆန္ဒမဲ ကောက်ခံခဲ့ရာမှာလည်း အစားဘက်က ပိုသာခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: 24/365 with BLACKPINK

You cannot copy content of this page