K pop

■ BTS အဖွဲ့ဝင်တွေ ဟိုကား ကြည့်သလား ?

— – – BTS အဖွဲ့ထဲမှာ Pervert ဘယ်သူဆိုတာကို အဖွဲ့ဝင်တွေချင်း ပြောကြရာကနေ

BTS အဖွဲ့ဝင်တွေဟာ Yaman TV အပိုင်းတစ်ခုမှာ သူတို့ရဲ့ နေထိုင်မှုပုံစံ၊ အဖွဲ့ဝင်တွေအကြောင်းကို ပြောပြခဲ့ကြပါတယ်။ အဲဒီမှာ မေးခွန်းတစ်ခုက BTS အဖွဲ့ဝင်တွေထဲမှာ Pervert က ဘယ်သူလဲလို့ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို Jimin က “Jin Hyung နဲ့ RM တို့ ဖြစ်ပါတယ်။ သူတို့က တကယ် Pervert တွေ ပါ”ဆိုပြီး ပြောဆိုခဲ့တာပါ။ ဒါကို အစီအစဉ်တင်ဆက်သူတွေကလည်း ဟုတ်မယ်ဆိုပြီး ထောက်ခံခဲ့ကြပါတယ်။

RM ကို ထပ်ပြီး ဆေးထိုးခဲ့သူက J-Hope ပါ။ သူက “BTS အဖွဲ့ Rap လိုင်းဖြစ်တဲ့ Suga၊ RM နဲ့ ကျွန်တော်တို့ အတူနေတဲ့ စတူဒီယိုအခန်းတစ်ခန်း ရှိပါတယ်။ အဲဒီစတူဒီယိုထဲမှာ ကွန်ပျူတာတွေမှာ ဗိုင်းရပ်စ်တွေ အပြည့်ပါပဲ”လို့ ဆိုခဲ့တာပါ။

အဲဒီမှာ RM က BTS အဖွဲ့ဝင်တွေ အားလုံးကို ပြန်ဖဲ့ခဲ့ပါတယ်။ “ကျွန်တော် ဒေါင်းထားတဲ့ ဟာတွေကို အားလုံးကြည့်တာပါပဲ”လို့ ပြောခဲ့ပါတယ်။

RM စကားကို ကြားပြီးနောက်မှာတော့ J-Hope က ရယ်ကျဲကျဲ လုပ်နေခဲ့သလို၊ ကျန် BTS အဖွဲ့ဝင်တွေလည်း တစ်ယောက်မှ မငြင်းနိုင်ခဲ့ကြပါဘူး။

— ဃဲ
Ref: Yaman TV

You cannot copy content of this page