K pop

■ ဂုဏ်အယူရဆုံး အရာတစ်ခုကို G-Dragon ဖွင့်ဟ

— – – အောင်မြင်တွေ၊ ဆုတံဆိပ်တွေ မဟုတ်သလို၊ ဂီတနဲ့လည်း မပတ်သက်ပါဘူး။ ဒါဆို …

King of K-pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon က သူ့ဘဝမှာ ဂုဏ်အယူရဆုံးအရာတစ်ခုကို ပြောပြခဲ့ပါတယ်။ ဂီတ၊ ဖက်ရှင်၊ အနုပညာနဲ့ပတ်သက်လို့ အောင်မြင်မှုတွေအများကြီး ရရှိထားပေးမဲ့ G-Dragon ဂုဏ်ယူတာကတော့ တခြားတစ်ခုပါ။

ဘဝမှာ မလုပ်သင့်တာကို မလုပ်မိတာနဲ့ လုပ်သင့်တာကို မလုပ်မိတာထဲမှာ ဘယ်ပိုကောင်းပါသလဲ။ ရှေးပညာရှိကြီးတွေကတော့ လုပ်သင့်တာ မလုပ်မိတာထက် မလုပ်သင့် မလုပ်မိတာ ပိုကောင်းတယ်လို့ ဆိုကြပါတယ်။

G-Dragon ကတော့ နောက်က တစ်ခုဖြစ်ပြီး အဲဒီအတွက်လည်း သူ့ဘာသူ ဂုဏ်ယူနေပါတယ်။ တောင်ကိုရီးယားမှာ လူ (၆၀) ရာခိုင်နှုန်းလောက်က အလှအပအတွက် အနည်းဆုံး အသေးစားခွဲစိတ်မှုလောက်တော့ လုပ်ကြပါသတဲ့။

G-Dragon က “ကျွန်တော့်ဘဝမှာ ဂုဏ်အယူရဆုံး အရာတွေထဲက တစ်ခုက အလှအပနဲ့ပတ်သက်လို့ ခွဲစိတ်ကုသမှု မလုပ်ခဲ့တာပါပဲ။ လုပ်ခဲ့သူတွေ၊ လုပ်တဲ့သူတွေကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ခံယူချက်နဲ့ အတွေးသက်သက် ဖြစ်ပါတယ်။ ခွဲစိတ်ပြီးမှ Handsome ဖြစ်တာမျိုး ကျွန်တော် မလိုချင်ပါဘူး။ တွေးကြည့်လို့လည်း မရပါဘူး။ ကျွန်တော့်ရဲ့ ဖြစ်တည်မှု အစစ်အမှန်ကိုပဲ ကျွန်တော် မြတ်နိုးပါတယ်”လို့ ဆိုခဲ့ပါတယ်။

G-Dragon နဲ့ BIGBANG အဖွဲ့ဝင်တွေဟာ ပွဲထွက်စတုန်းက ရုပ်ဆိုးလွန်းတယ်လို့ ဝေဖန်ခံရပြီး ပွဲမထွက်ခင်မှာပဲ အကြီးအကျယ် ကျဆုံးမဲ့ အဖွဲ့၊ YG ကတော့ ရင်းသမျှ ကုန်မဲ့အဖွဲ့ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ဟာ ဂီတလမ်းကြောင်းတစ်ခုကို ချပြနိုင်ခဲ့ရုံတင်မက Lightstick ကစလို့ လက်ရှိ K-pop စီးကြောင်း Format ချပေးခဲ့လို့ သူတို့က K-pop လွှမ်းမိုးမှုအရှိဆုံးအဖွဲ့၊ King of K-pop လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

— ဃဲ
Ref: DP

You cannot copy content of this page